International News

0 0
Read Time:7 Minute, 12 Second

ILO နှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အာဏာသိမ်းစစ်တပ်ကို ILO ပုဒ်မဖြင့် အရေးယူပေးပါ ရန် အိတ်ဖွင့်ပေးစာပေးပို့တောင်းဆို

 

သံလွင်မြန်မာသတင်း

မတ်လ ၁၂

 

ILO နှင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် အာဏာသိမ်းစစ်တပ်ကို ILO ဥပဒေဖြင့် အရေးယူ ပေးရန် ရန်ကုန်သပိတ်အင်အားစုများက ယနေ့ မတ်လ ၁၂ ရက်နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာပေးပို့ကာ တောင်းဆိုလိုက်သည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ ခါးပိုက် ဆောင် ဖက်ဆစ်စစ်တပ်သည် ပြည်သူလူထုအပေါ်လူမဆန်စွာရက်စက်ယုတ်မာအနိုင်ကျင့်ခြင်း၊ တ ရားမဲ့ ဖမ်းဆီး ညှင်းဆဲ သတ်ဖြတ်ခြင်း၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများတည်ရှိရာ စစ်ဘေး ရှောင်စခန်းများ နှင့် သာမာန်အရပ်သားပြည်သူများတည်ရှိရာ ကျေးရွာများအား မီးရှို့ခြင်း၊ လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် လုပ်ရပ်များကြောင့် နိုင်ငံအဝန်းတွင် လူသားအရင်းအမြစ် များနှင့် သယံဇာတအရင်းအမြစ်များစွာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေသည့် အခြေအနေသို့ ရောက်ရှိ နေကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်၏ လူသားဒိုင်းပြုလုပ်လိုခြင်းများအတွက် ပြည်သူများမှာနေ့စဉ်နှင့်အမျှ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီး စစ်ကျွန်ပြုခြင်းခံနေကြရပြီး အခြေခံလူ့အခွင့်အရေးများသည်လည်း ဆက် တိုက် ချိုးဖောက်ခံနေရကြောင်း သိရသည်။

 

ထိုကဲ့သို့ရက်စက် ယုတ်မာအနိုင်ကျင့်မှုများကို ရပ်တန့်နိုင်ရေးအတွက် ILO ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ မြန်မာစစ်တပ်အား –

 

၁။ ဒီမိုကရေစီနှင့် နိုင်ငံသား လွတ်လပ်ခွင့်များ ပြန်လည်ရရှိရန်။

 

၂။ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် ၊ လွတ်လပ်စွာ အသင်းအဖွဲ့ တည်ထောင်ခွင့် တို့ကို ပျက်ပြားစေသော မည်သည့်အကြမ်းဖက်မှုနှင့်ခြောက်လန့်မှုမျိုးမဆိုအဆုံးသတ်ရန်။

 

၃။ ခြိမ်းခြောက်မှုမရှိဘဲ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရှိရန်။

 

၄။ အရပ်သားအစိုးရကို ပြန်လည်ထူထောင်ရန်။

 

၅။ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်။

 

၆။ နိုင်ငံသားဖြစ်ခွင့်မှ ပယ်ဖျက်ခြင်းအမိန့်များအား ရုပ်သိမ်းရန်။

 

၇။ အဓမ္မလုပ်အားပေး ခိုင်းစေမှု မျိုးစုံကို အဆုံးသတ်ရန်။

 

၈။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများသည် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် နှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုမှ လွတ်မြောက်မှုကို လေးစားလိုက်နာရန်။

 

၉။ အခြားလူမျိုးစု သို့မဟုတ် မတူကွဲပြားသည့်ယုံကြည်ကိုးကွယ်မှုဆိုင်ရာ လူမျိုးစုများအား အဓမ္မစေခိုင်းမှု ပြုလုပ်နေခြင်းကို အဆုံးသတ်ရန်။

 

၁၀။ ရိုဟင်ဂျာများအား အဓမ္မလုပ်အားပေးခိုင်းစေမှု (အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ ပေါ်တာထမ်းခိုင်းခြင်း) များအားအဆုံးသတ်ရန်။

 

စသည့် အကြံပြုတိုက်တွန်းချက်များဖြင့် အရေးယူဆောင်ရွက်ပေးပါရန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ ၄ ရက်နေ့က ပြောကြားထားခဲ့ပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ လေးစားလိုက်နာခြင်းမရှိ သည့် အပြင် ပိုမိုဆိုးရွားစွာ ချိုးဖောက်နေကြောင်း အိတ်ဖွင့်ပေးစာတွင်ဖော်ပြပြီး အသိပေးထား သည်။

ထို့ကြောင့် လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် “ILO Governing Body -ILO” အမှုဆောင်အစည်းအဝေးတွင် အောက်ပါ အချက်များ ရရှိရေးကို EU အဖွဲ့ ဝင်နိုင်ငံများ၊ ILO အဖွဲ့ဝင် နိုင်ငံများအနေဖြင့် မြန်မာပြည်သူလူထုနှင့် အတူ ရပ်တည်ဆုံးဖြတ်ပေးပါ ရန် တိုက်တွန်းတောင်းဆိုထားသည်။

 

၁။ စစ်အုပ်စုနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား ဆက်ဆံရေးပြုလုပ်နေခြင်းကို ပြန်လည်သုံးသပ်၍ ရပ်တန့်ရန်။

 

၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစုများနှင့် တရားဝင် ထိတွေ့ဆက်ဆံရန်။

 

၃။ စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကို ပယ်ချရန်။

 

၄။ ၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ၄ ရက်နေ့တွင် ချမှတ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ထိရောက်စွာ ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်။

 

၅။ အကြမ်းဖက်မှုများကို ထိရောက်စွာရပ်တန့်နိုင်ငံရေးအတွက် အကြမ်းဖက်စစ်အုပ်စု၏ ဝင်ငွေ ရပေါက်ရလမ်းများကို ဖြတ်တောက်ရန်။

 

၆။ နစ်နာသူ ပြည်သူလူထုအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ပြန်လည်ရရှိစေရေး၊ ILO အဖွဲ့ဝင် နိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံးများတွင် အရေးယူ ဆောင်ရွက်ရာ၌ ရပ်တည်ဆောင် ရွက်ပေးရန်။

 

မြန်မာနိုင်ငံရှိ အလုပ်သမားထုသည် မတရားမှုကို ဆန့်ကျင်ကာ စစ်တပ်၏ ဖိနှပ်မှုများအား အံတု၍ လှုပ်ရှား လျက်ရှိပြီး ILO နှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် လုပ်သားပြည်သူများ၏ တရားမျှတမှု နှင့် အခွင့်အရေးများကို ကာကွယ်ရန် အတွက် မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ပေးပါရန် ရန်ကုန်မြို့ရှိ မြေပြင်သပိတ်အင်အားစုများမှ မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

 

ထိုသို့ တိုက်တွန်းတောင်းဆိုလိုက်သည့် အဖွဲ့အစည်းများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီးတွင် ပြည်သူလူထုနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ စစ် ဘေးရှောင်ပြည်သူများအား ထောက်ပံ့ခြင်းလုပ်ငန်းများ၊ အလုပ် သမားအခွင့်အရေးများ၊ ဒီမိုကရေစီ တောင်းဆိုမှုဆိုင်ရာ လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်လှုပ်ရှားနေသော အဖွဲ့အစည်းများဖြစ်ကြောင်း သိရသည်။

 

၎င်းတို့မှာ ရွှေပြည်သာသပိတ်ကော်မတီ ၊ တော်လှန်သွေးမကုန် တောင်ဒဂုံ သပိတ်အင်အားစု – South Dagon’s Saturated Blood of Revolution Strike Force ၊ စမ်းချောင်းပင်မသပိတ်စစ် ကြောင်း (SC Strike) ၊ SOUTH DAGON SCOUTING INFOS (SDG) ၊ Yangon 4 Brothers ၊ Owl Community ၊ LinnYaungNiYouth Organization_LYNYO ၊ Kyimyindaing Networks_KMD18 ၊ Mayangone Democratic Front – MDF ၊ HTY Scout Channel တို့ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *