စစ်ကိုင်း တပ်မ ၃၃ မှ ဒုတပ်ကြပ်တစ်ဦးနှင့် ပုလဲမြို့ပေါ်တွင်တာဝန်ကျနေသော စစ်မှုထမ်း တပ်သား ၂ ဦး လက်နက် ၂ လက်နှင့်အတူ BNRA ထံ အလင်းဝင်
သံလွင်မြန်မာသတင်း
မတ်လ ၁၂
စစ်ကိုင်းတိုင်း၊ စစ်ကိုင်မြို့ တပ်မ ၃၃ မှ ဒုတပ်ကြပ်တစ်ဦးနှင့် ပုလဲမြို့ပေါ်တွင် တာဝန်ကျနေသော စစ်မှုထမ်း တပ်သား ၂ ဦး သည် လက်နက် ၂ လက်ဖြင့် အလင်းဝင်ခဲ့ကြောင်း ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် -BNRA က ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပုလဲမြို့ပေါ်တွင် တာဝန်ကျနေသော စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ ဒုတပ်ကြပ် လှမင်းသည် ၎င်းကိုင်ဆောင်သော MA1 အမျိုးအစား သေနတ် ၁ လက်နက်နှင့်အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – B.N.R.A ထံ ဆက်သွယ်ကာ အလင်းဝင် ခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ ၆ ရက်နေ့ကလည်း ပုလဲမြို့ပေါ်တွင် တာဝန်ကျနေသော စစ်မှုထမ်းတပ်သား ဝေအောင်နှင့် မျိုးကျော်တို့သည် MA1 အမျိုးအစား သေနတ် ၁ လက်နှင့်အတူ ဗမာအမျိုးသားတော် လှန်ရေးတပ်မတော် – BNRA ထံသို့ ချိတ်ဆက်ကာ အလင်းဝင် ပူးပေါင်းခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ပူးပေါင်းလာသော စစ်ကောင်စီတပ်သား ၃ ဦးအနက် ၂ ဦးမှာ လက်နက် ၂ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄၉ တောင့်ပါရှိခဲ့သဖြင့် ၎င်းတို့ကို ဗမာ အမျိုးသားတော်လှန်ရေး တပ်မ တော် – BNRA တပ်ဖွဲ့က ငွေကျပ် သိန်း ၂၀ စီ ဆုချီးမြှ့င်ပေးခဲ့ကြောင်း၊ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးစလုံးကို သွားလိုသည့်နေရာသို့ ကောင်းမွန်စွာ ပို့ဆောင်ပြီးဖြစ်ကြောင်း အသိပေးထားသည်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (B.N.R.A) အနေဖြင့် စစ်ကောင်စီယန္တရား အတွင်းမှ အ လင်းဝင်လာမည့် စစ်သား၊ ရဲ၊ ပျူစောထီးများကို နွေးထွေးစွာ ကြိုဆိုလက်ခံလက်ရှိကြောင်း အသိ ပေး ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media