အုတ်ဖိုမြို့နယ်၊ ချောင်းခွ (ကေ) ကျေးရွာနေ စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူ အေးလွင် ပစ်ခတ် ခံရပြီးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၁၂
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းခွ (ကေ) ကျေးရွာနေ စစ်တပ်အတွက် အလုပ် လုပ်ပေးနေသူ အေးလွင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။
ယမန်နေ့ မတ်လ ၁၁ ရက် နံနက် ၉ နာရီခန့်က အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိမ်အုပ်စု၊ ချောင်းခွ (ကေ) ရွာနေ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူအေးလွင်သည် စစ်ကောင်စီ၏ ခမရ ၆ မှ ပြန် လာစဥ် ချောင်းခွ (ကေ) ရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များက သေနတ်ကျည် ၁ ချက် ဦးခေါင်းတည့်တည့် ပစ်ခတ် ရှင်း လင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ အေးလွင်ထံမှ လွယ်အိတ် ၁ လုံး၊ စကစ ဗိုလ် လက်မှတ်ပါ ထောက်ခံစာ ၃ ရွက်နှင့် ငွေ သား ၃၆၀၀၀ ကျပ်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အေးလွင်သည် တော်လှန်ရေးရဲဘော်များ၏ အချက်အလက်များအား စုံစမ်းထောက်လှမ်း၍ စကစ များထံ သတင်းပို့ခြင်း၊ လူငယ်များအား ပေါ်တာဆွဲ ဖမ်းဆီးနေသော စခ/ရခများကို တိုက်ခိုက်ရန် ထောင်ထားသည့် မိုင်းကွင်းများကို စကစများထံ သတင်းပေး ပြသခြင်း၊ လူငယ်များအား ပေါ်တာ ဆွဲရန် စကစများထံ သတင်းပေးခြင်းများ လုပ်ဆောင်နေသောကြောင့် အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။
သာယာဝတီခရိုင်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စကစနှင့် စကစထောက်တိုင်များအား တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် မိဘ ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံ သတိပေးထားသည်။
Thanlwin Myanmar Media