ဖြူးမြို့နယ် အုတ်ဖြတ်လမ်းပေါ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၁၂
ပဲခူးတိုင်း ၊ တေင်ငူခရိုင် ၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပေါ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ ထံမှ သိရသည်။
မတ်လ ၉ ရက် ညနေ ၃ နာရီ မှ ၃ နာရီ ၁၅ မိနစ်အထိ ဖြူးမြို့နယ် ၊ အုတ်ဖြတ်လမ်းပေါ်ရှိ ဝဲကြီး ရွာအနောက်ထိပ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ဖြူးမြို့နယ်ပကဖ ရဲဘော်များ ၁၅ မိနစ် ခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ညနေ ၃ နာရီ မိနစ် ၃၀ မှ ၃ နာရီ ၄၅ မိနစ်အထိ ဖြူးမြို့နယ် အုတ်ဖြတ်လမ်းပေါ်ရှိ မြို့ ချောင်းရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တိုက်ခိုက်ရေး ရဲ ဘော်များအကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးကာ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ ၉ ရက် ညနေ ၆ နာရီခန့်က ဖြူးမြို့နယ် ၊ အုတ်ဖြတ်လမ်းပေါ်ရှိ မြို့ချောင်းရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဖြူးမြို့နယ် ပကဖ Droneအဖွဲ့မှ 1.5 Kg ဗုံးသီး ၂ လုံးနှင့် ညနေ ၆ နာရီ ၂၈ မိနစ်အချိန်တွင် 2.5Kg ဗုံးသီး ၂ လုံး စုစုပေါင်း ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။
Thanlwin Myanmar Media