Political News

0 0
Read Time:7 Minute, 56 Second

ထားဝယ်စီးပွားရေးဇုံ စီမံကိန်းကို ရုရှားအစိုးရနှင့် အကြမ်းဖက် စစ်ကောင်စီတို့ ပူးပေါင်းခြင်းအပေါ် တနင်္သာရီဒေသအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများမှ အပြင်းအထန် ကန့်ကွက် ရှုတ်ချ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၁

 

တနင်္သာရီတိုင်း၊ ထားဝယ်စီးပွားရေးဇုံ စီမံကိန်းကို ရုရှားအစိုးရနှင့် အကြမ်းဖက် စစ်ကောင်စီတို့ ပူး ပေါင်းခြင်းအပေါ် တနင်္သာရီဒေသအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများမှ အပြင်း အထန် ကန့်ကွက် ရှုတ်ချကြောင်း သဘောထားထုတ်ပြန်သည်။

 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီခန့်က ဝန်ကြီးဒေါက်တာကံဇော်နှင့် ရုရှားစီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်ဆင်းရယ်ရှဲသငြိကော့ဗ်တို့ကြား ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေး စက်ရုံနှင့် ရေနံချက်စက်ရုံများ ပါဝင်သော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ၂၀၁၂ ခုနှစ်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခဲ့ပြီး နောင်တွင် မြန်မာ -ထိုင်း နှင့် ဂျပန်အစိုးရတို့ ပူးတွဲ အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်လာကာ အဓမ္မမြေယာသိမ်းဆည်းမှုနှင့် ဒေသခံဌာ‌နေတိုင်း ရင်းသားများအား အတင်းအကျပ်နေရပ်စွန့်ခွာစေရန် ဖိအားပေးမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် အဂတိလိုက်စားမှုများကြောင့် ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။

 

ယခုတဖန် အကြမ်းဖက် စစ်ကောင်စီမှ ရုရှားအစိုးရနှင့် ပူးပေါင်းအကောင်အထည်ဖော်ရန် ပြန်လည် ကြိုးပမ်းလာခြင်းဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ရေနံ ချက် စက်ရုံ၊ ရေနံဓာတုစက်ရုံ နှင့် အခြားသော ညစ်ညမ်း စက်ရုံများစွာပါဝင်သော စက်မှုဇုန် စီမံကိန်း များ၊ ရေကာတာ၊ မြန်မာ-ထိုင်း နယ်စပ်သို့ ဆက်သွယ်ထားသော အဝေးပြေးကားလမ်းနှင့် မီးရထား လမ်းတို့ ပါရှိသော (၁၉၆) စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ခေတ်အဆက်ဆက် အစိုးရလက်ထက်တွင် ဒေသခံ ဌာ‌နေတိုင်းရင်းသားများနှင့် လူမျိုးစုများ၏ အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ အတင်းအဓမ္မရွှေ့ ပြောင်းစေခြင်းနှင့် တရားမျှတသော လျော်ကြေးပေးဆောင်မှုမရှိခြင်း စသည့် လူအခွင့်အရေးချိုး ဖောက်မှုများနှင့် နဘုလယ်ဒေသ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ သမိုင်းအထောက်အထား များကို ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်စေခဲ့သဖြင့် ၎င်းထိခိုက်နစ်နာမှုများအပေါ် ယနေ့အထိ ဖြေရှင်း ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ယင်းပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ထိုအပြင် အကြမ်းဖက် စစ်ကောင်စီသည် ပြီးခဲ့သည့် (၄)နှစ်ကာလအတွင်း အနည်းဆုံး လူဦးရေ (၂၈၆၀၀) ဦး ကို တရားလက်လွှတ်ဖမ်းဆီးခြင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသည့် ပြည်သူ (၂၂၀၀) ကျော်အပါအဝင် လူဦးရေ (၆၃၀၀) ကျော်ကို သတ်ဖြတ်ခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း (၃၅၉) ကျော်ကို ကျူးလွန်ခဲ့ကြောင်း သိရသည်။

 

၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့အထိ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ယနေ့အချိန်ထိ (၄)နှစ်တာ ကာလအတွင်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ (၃.၅) သန်းကျော် နှင့် အာရှပစိဖိတ် ဒေသအတွင်း နိုင်ငံများတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် လူဦးရေ (၁.၃)သန်း ခန့် ရှိပြီဖြစ် ကြောင်း သိရသည်။

 

ထို့ကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စက်ဆုတ်ဖွယ် စစ်ရာဇဝတ်မှုများ ကျူးလွန် လျက်ရှိသော အကြမ်းဖက် စစ်ကောင်စီနှင့် စီမံကိန်းများ ပူးပေါင်းလုပ်ဆောင်ခြင်းကို တနင်္သာရီဒေသ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများ အနေဖြင့် အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်သည်။

 

(၁) ပွင့်လင်းမြင်သာမှု နှင့် တာဝန်ခံယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများဖြစ်စေရန် မရှိမဖြစ် လို အပ်သော နိုင်ငံရေးတည်ငြိမ်မှု နှင့် တရားဥပဒေစိုးမိုးမှု မရှိသည့် ယခုအချိန်ကာလတွင် အကြမ်းဖက် စစ်ကောင်စီ၏ ဖိနှိပ် ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် အထွေထွေ လူမှုစီးပွား အကျပ်အတည်းအား ခါးစည်းခံနေရသည့် ပြည်သူလူထုအား အတင်းအကျပ်နေရပ်ရွှေ့ပြောင်းမှု နှင့် လူ့အခွင့်အရေး ချိုး ဖောက်မှုများသာ ပိုမိုတိုးမြင့်လာစေနိုင်သည့် အဆိုပါ ဖွံဖြိုးရေးအမည်ခံ စီမံကိန်းအား ကျွန်ုပ်တို့ အနေဖြင့် လုံး၀ လက်မခံကြောင်း၊

 

(၂) ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေး စက်ရုံ၊ ရေနံချက်စက်ရုံနှင့် အခြားသော သဘာဝ ပတ်ဝန်းကျင် နှင့် လူမှုအသိုက်အဝန်းအတွက် ဆိုးရွားစွာ ညစ်ညမ်းမှုဖြစ်စေသော စက်ရုံများသည် ထားဝယ်ဒေသ၏ ပထဝီအနေအထား ရေမြေ၊ တောတောင် နှင့် လူမှုပတ်ဝန်းကျင် သဟဇာတ ဖြစ်မှုနှင့် သွေဖယ်လျက်ရှိပြီး ထားဝယ်သူ/သားများသည် သဘာဝပတ်ဝန်းကျင်မှပေးသော အရင်း အမြစ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်း၊ တောတောင်ရေမြေနှင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆက် နွယ်နေထိုင်သူများဖြစ်ခြင်းကြောင့် ထိုကဲ့သို့ ညစ်ညမ်းသော စီမံကိန်းများသည် ထားဝယ်ဒေသတွင် တည်ဆောက်ရန် လုံးဝ မသင့်လျှော်ကြောင်း၊

 

(၃) ထားဝယ်ဒေသ၏ ဖွံ့ဖြိုးရေးကို ထားဝယ်သူ/သားများကိုယ်တိုင် ဆုံးဖြတ်ရမည်ဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီနည်းကျ ဒီမိုကရေစီစံနှုန်းများ နှင့်အညီ ထားဝယ်သူ/သားများ ကိုယ်တိုင်တင်မြှောက်ထား သော အစိုးရသာလျှင် ထားဝယ်ဒေသ၏ ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်ဖြစ် ကြောင်း၊

 

(၄) ယခုလက်ရှိ တရားမဝင် အာဏာသိမ်းကြိုးပမ်းသည့် အကြမ်းဖက်စစ်ကောင်စီနှင့် စီမံကိန်းများ လုပ်ဆောင်ခြင်းသည် တရားမဝင်သည့်အပြင် ဒေသခံပြည်သူများ၏ လူ့အခွင့်အရေး၊ သဘာဝပတ် ဝန်းကျင်၊ ယဉ်ကျေးမှုဆိုင်ရာ နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ကြီးမားသည့် ဆိုးကျိုးသက် ရောက်မှုများ မလွဲဧကန် ခြိမ်းခြောက်လာမည်ဖြစ်ကြောင်း

 

ထောက်ပြထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်ကို MAGGA Initiative – MI ၊ Tenasserim River and Indigenous People’s Network ၊ Youth Development Institute (YDI) ၊ ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက် အကူပြုရေးအဖွဲ့ ၊ Tavoyan Women’s Union ၊ Green Network (Mergui Archipelago) ၊ The Mergui 88 Generation Peace & Open Society ၊ Tanintharyi Youth Network (TYN) ၊ Human Rights Defenders and Promoters ၊ မြိတ်ခရိုင် နိုင်ငံရေးအင်အားစု နှင့်ထားဝယ်ခရိုင် နိုင်ငံရေးဦး ဆောင်အဖွဲ့ တို့က ပူးတွဲထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *