MNDAA News

0 0
Read Time:5 Minute, 48 Second

MNDAA ၏ ရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့ပြီးဖြစ်သော်လည်း အောင်မြင် မှုနှင့်အတူ အခက်အခဲ၊ အတားအဆီးများသည် ဒွန်တွဲလျက် ပါလာတတ်ကို သတိမူ၊ ဂရုပြုသင့် ကြောင်း လက်ရှိအခြေအနေများက မီးမောင်းထိုးပြထားပြီးဖြစ်သည်ဟုဆို

 

သံလွင်မြန်မာသတင်း

မတ်လ ၁၁

 

MNDAA ၏ ရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့ပြီးဖြစ်သော်လည်း အောင်မြင် မှုနှင့်အတူ အခက်အခဲ၊ အတားအဆီးများသည် ဒွန်တွဲလျက် ပါလာတတ်ကို သတိမူ၊ ဂရုပြုသင့် ကြောင်း လက်ရှိအခြေအနေများက မီးမောင်းထိုးပြထားပြီးဖြစ်ကြောင်း TNLA နှင့် AA တို့က ပြောဆို သည်။

 

(၃၆) နှစ်မြောက် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်နေ့ အခမ်းအနားသို့ ပေးပို့ သော သဝဏ်လွှာတွင် PSLF/TNLA နှင့် ULA/AA တို့ ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။

 

လက်ရှိအချိန်တွင် MNDAA အဖွဲ့အစည်း၏ ရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုထိ အောင်မြင် ခဲ့ပြီး ဖြစ်သော်လည်း အောင်မြင်မှုနှင့်အတူ အခက်အခဲ၊ အတားအဆီးများသည် ဒွန်တွဲလျက် ပါလာ တတ်သည် ဆိုသည်ကို သတိမူ၊ ဂရုပြုသင့်ကြောင်း လက်ရှိအခြေအနေများက မီးမောင်းထိုးပြထား ပြီးဖြစ်ကြောင်း၊ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့တို့သည် “မရှိအတူ၊ ရှိအတူ ညီနောင်များ” ဖြစ် သောကြောင့် တစ်ဖွဲ့၏ အခက်အခဲသည် ကျန်သည့်နှစ်ဖွဲ့၏ အခက်အခဲဖြစ်သည်ဟု အမြဲတမ်းမှတ် ယူထားကြောင်း၊ (၁၅) နှစ်ခန့်အတွင်း အခက်အခဲပေါင်း များစွာကို အတူရင်ဆိုင်ဖြတ်သန်းခဲ့ဖူးသော အတွေ့ အကြုံများကို ပိုင်ဆိုင်ရရှိထားပြီးဖြစ်ကြောင်း ပြောဆိုထားသည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်၊ ဘုံရည်မှန်းချက်များအတွက် စုစု စည်း စည်း ညီညီညွတ်ညွတ်ဖြင့် အတူတကွ၊ မရပ်မနား ချီတက်ဖြတ်သန်းလာခဲ့သည်မှာ နှစ်ပေါင်း (၁၅) နှစ်ခန့် ရှိလာခဲ့ပြီ ဖြစ်ပြီး ဤကာလများ၌လည်း တော်လှန်ရေး၏ လောကဓံကို ဆိုးအတူ၊ ကောင်း အတူ အတူတကွ ရင်ဆိုင်ခဲ့ကြပြီးဖြစ်သည်ဟု ဆိုသည်။

တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်ပြည့်မြောက်ရန်အတွက် ကျန်နှစ်ဖွဲ့ကလည်း ပူးပေါင်း ဆောင်ရွက်ပြီး အတတ်နိုင်ဆုံး ဖေးမကူညီခဲ့ကြကြောင်း၊ အဖွဲ့ (၃) ဖွဲ့၏ အဖွဲ့အစည်း၊ ခေါင်းဆောင်၊ တပ်ဖွဲ့ဝင်များ အချင်းချင်းအကြား အပြန်အလှန်ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ မိတ်ဖက်ပီသမှု၊ လေးစားမှု၊ ယုံကြည်မှုတို့ကို အမြင့်ဆုံးတည်ဆောက်နိုင်ခဲ့ကြသည်။ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စည်း လုံးညီညွတ်မှု၊ လုပ်ဆောင်ချက် များသည် ယခုနောက်ပိုင်းထွက်ပေါ်လာသော တော်လှန်ရေး အဖွဲ့ အစည်း သစ်များအတွက် အတုယူစရာနှင့် စံပြဖြစ်ခဲ့ ရသည်မှာ အမှန်ပင်ဖြစ်ကြောင်း ဆက်လက် ပြောဆိုထားသည်။

 

ကိုးကန့်တပ်မတော်ကို စတင်ဖွဲ့စည်းသည့် (၃၆) နှစ်မြောက်ကာလမှစတင်၍ လာမည့်ကာလများ သည် ကိုးကန့်ဒေသပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ဖွံ့ဖြိုးရေးတို့အတွက် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ် ရအုံးမည်ဖြစ်ပြီး ကိုးကန့်အဖွဲ့အစည်း၏ ဖြတ်သန်းမှုသမိုင်းအပေါ် အခြေခံ၍ စိန် ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင် ကျော်လွှားကာ တစ်ခေတ်တစ်ခါတုန်းက ကိုးကန့်အခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

 

တစ်ပြိုင်နက်တည်းတွင် လာလတ္တံ့သော ကာလများ၌ ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲများရှိလာ ပါကလည်း ညီနောင်နှစ်ဖွဲ့အနေဖြင့် ယခင်နည်းတူ ညီနောင်မဟာမိတ်ပီသစွာဖြင့် စုစည်းကျော်ဖြတ် သွားကြရန် အမြဲအသင့်ရှိကြောင်း အသိပေးထားသည်။

 

ကိုးကန့်အဖွဲ့အစည်း၏ အတိတ်ကာလ၌ ကောင်းခြင်း၊ ဆိုးခြင်း၊ လောကဓံ အနိမ့်အမြင့်၊ အတက် အကျတို့ကို များစွာကြုံဖူးခဲ့ပြီး ခါးသီးသောသင်ခန်းစာများလည်း ရရှိခဲ့ပြီးဖြစ်ကြောင်း၊ အောင်မြင်မှု၊ ရှုံးနိမ့်မှုများတွင် အတုယူစရာနှင့် သတိမူစရာ သင်ခန်းစာများကိုလည်း ပြသထားခဲ့ပြီးဖြစ် ကြောင်း သိရသည်။

 

တော်လှန်ရေးအဖွဲ့အစည်းများ အတွက်လည်း အတုယူစရာ နမူနာကောင်းများကို လမ်းညွှန်ပြသ ထားခဲ့ပြီးဖြစ်ပြီး လက်ရှိ ကိုးကန့် အဖွဲ့အစည်းကို ခေါင်းဆောင်နေကြသော ခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုအောက်တွင် ကိုးကန့်အဖွဲ့အစည်းမှ လိုလားသော ကိုးကန့်ရွှေရောင်နေ့ရက်များကို ပြန် လည်ရောက်ရှိလာပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးထားသည်။

 

လာမည့်ကာလများ၌လည်း မိမိတို့အချင်းချင်းအကြား စုစည်းညီညွတ်မှုသည် ပို၍ အရေးကြီးလာ မည်ဖြစ်သည့်အားလျော်စွာ လက်ရှိရရှိထားသော အောင်မြင်မှု၏ အသီးအပွင့်များ တာရှည်ခံပြီး ပိုမို ဖွံ့ဖြိုးလာစေရန် အစမ်းသပ်ခံကာလများလည်းဖြစ်သည်ဟု ရှုမြင်သုံးသပ်ထားသည်။

 

ညီနောင် မဟာမိတ် (၃) ဖွဲ့ အကြား စည်လုံးညီညွတ်မှု၊ နားလည်မှု ယခုထက်ပို၍ ခိုင်မာသည်ထက် ခိုင်မာအောင် ဆက်လက် လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *