Mandalay News

0 0
Read Time:2 Minute, 43 Second

နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၅ ဦး သေဆုံး ၊ ဗမ ဝင်းလှိုင်ဦးနှင့် ဗက အောင်ကိုကိုပါ ၁၄ ဦးအရှင်မိ၊ လက်နက် ၄၄ လက်နှင့်ခဲယမ်း များသိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၁

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၂၅ ဦး သေဆုံးပြီး ဗမ ဝင်းလှိုင်ဦးနှင့် ဗက အောင်ကိုကိုပါ ၁၄ ဦးအရှင်မိ၍ လက် နက် ၄၄ လက်နှင့်ခဲယမ်း များသိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

မတ်လ ၉ ရက်နေ့က နွားထိုးကြီးမြိုနယ်၊ ဝက်လူးရဲစခန်းမှ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော တပ်မ-၁၀၁ လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းကို ကျတွင်းဘိုးရွာ အနောက်တောင်ဘက် အ ရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သား ၂၅ ဦးသေဆုံးပြီး ဗမ ဝင်းလှိုင် ဦး နှင့် ဗက အောင်ကိကိုပါ ၁၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့အပြင် MA-1 အမျိုးအစား သေနတ် (၁၉) လက်၊ MA-2 အမျိုးအစား သေနတ် (၂) လက်၊ MA-3  အမျိုးအစား သေနတ် (၇) လက်၊ MA-5 အမျိုးအစား နေသတ် (၂) လက်၊ MA-11 အမျိုးအစား သေ နတ် (၇) လက်၊ MA-12  အမျိုးအစား သေနတ် (၁) လက်၊ G-3 အမျိုးအစားသေနတ် (၂) လက်၊ G-4 အမျိုးအစား သေနတ် (၁) လက်၊ ၆၀ မမ ပြောင်းတို (၂) လက်၊ ၈၁ မမ စိန်ပြောင်း (၁) လက်) ၊ 5.56 ကျည် (၁၂၀၀၀) တောင့်၊ 7.62 ကျည် (၁၀၄၅) တောင့်၊ ၉ မမ ကျည် (၁၉) တောင့်၊ ၆၀ မမ ကျည် (၂၈) လုံး၊ ၈၁ မမ ကျည် (၇) လုံး၊ RPG ကျည်အဖူး (၇) လုံး၊ RPG ပိုကျည် (၈) တောင့်၊ အီနာဂါ (၂၁) လုံး၊ နင်းမိုင်း (၅) လုံး၊ လက်ပစ်ဗုံး (၁၁) လုံး၊ Laptop (၂) လုံး နှင့် ဆက်သွယ်ရေးစက် (၂) လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း မိတ္ထီလာနှင့် တံတားဦးမှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်း (၂) ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၄ ၊ မြင်းခြံခရိုင် တပ်ရင်း ၁၀ ၊ နွားထိုးကြီးမြို့နယ် ပကဖ နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နွားထိုးကြီးမြိုနယ် ပကဖ ရဲဘော် (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *