Magway News

0 0
Read Time:3 Minute, 36 Second

ချောက်မြို့နယ်၊ ဂွေးပင်ကြီးရွာနှင့်ဂွေးပင်လေးရွာကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီး၊ နေအိမ်များအတွင်းမှ ရွှေ၊ ငွေ လက် ဝတ်ရတနာများအပါအဝင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၁

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဂွေးပင်ကြီးကျေးရွာနှင့် ဂွေးပင်လေးကျေးရွာကို အကြမ်းဖက်စစ်တပ် က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ဝင်ရောက်ကာ ပြည်သူ့နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီး ပြီး နေအိမ်များအတွင်းမှ လက်ဝတ်ရတနာများအပါအဝင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွား ကြောင်း မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၂ ထံမှ သိရသည်။

 

မတ်လ ၉ ရက် နံနက် ၇ နာရီခန့်က ချောက်မြို့နယ်၊ ဂွေးပင်ကြီးကျေးရွာအုပ်စုအတွင်းရှိ ဂွေးပင် ကြီးကျေးရွာနှင့် ဂွေးပင်လေးကျေးရွာတို့ကို အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ တပ်က လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံပစ်ခတ်ဝင်ရောက်လာသဖြင့် ကျေးရွာနေပြည်သူများမှာ ထွက် ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

ထိုသို့ ပြည်သူများ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် နေအိမ်အတွင်းကျန်ရှိနေသော ပြည်သူပိုင် လက်ဝတ်ရတနာ သိန်း ၄၅၀ ခန့်၊ ဆရာတော်၊ သံဃာတော်များလှူဒါန်းရန် ပြုလုပ်ထားသည့် အမဲ ခြောက် ၅ ပိသာ၊ အဝတ်အစားများပါ မကျန်ခိုးယူသွားကြောင်း၊ ထို့အပြင် ပြည်သူ့နေအိမ် ၂ လုံး ကို လည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

 

“ကျွဲတက်ရွာဘက်၊ ကန်နီကျောင်းကနေ ယာပြင်ဖြတ်ပြီး လမ်းမှာ ယာလုပ်တဲ့သူတွေကို လိုက်ပို့ခိုင် တာ၊ ယာထဲမှာ နွားချီးချ၊ ယာထွန်နေတဲ့ ပြည်သူ ၇ ဦးကို ဖမ်းဆီးပြီး လက်ချင်းယှက် လူသားဒိုင်းကာ လုပ်ပြီးတက်လာတော့ မတိုက်လိုက်ရပဲနောက်ဆုတ်ပေးလိုက်ရတာ၊ တိုက်ပွဲကမဖြစ်လိုက်ဘူး။ ရွာ ထဲကို ၆၀ မမ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အရင်ဆုံးပစ်တယ်၊ ပြီးတော့ လက်နက်ငယ်မျိုးစုပစ်ပြီးဝင် လာတာပါ” မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၂ တာဝန်ခံ ကျော်ထိုက်က ပြော ကြားသည်။

 

ယင်းအကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းခဲ့သော ဂွေးပင်ကြီးကျေးရွာသည်အိမ်ခြေ ၂၃၇ အိမ်ရှိပြီး ဂွေးပင်လေးကျေးရွာသည် ၂၁၇ အိမ်ရှိကြောင်း၊ ၎င်းကျေးရွာ ၂ ရွာအပါအဝင် အနီးအနားရှိကျေးရွာ ၄ ရွာမှ ပြည်သူထောင်ချီကာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 

“ဖမ်းဆီးထားတဲ့ လူသားဒိုင်းကာ ပြည်သူ ၇ ဦးကိုလည်း သူတို့ဘေးလွတ်ရာရောက်မှ ကြိမ်းမောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ ပြည်သူတွေကို လူသားဒိုင်းကာလုပ်ထားတဲ့အတွက် ကျနော်တို့ တပ်ဖွဲ့ တွေက မတိုက်ပဲ နောက်ဆုတ်ပေးလိုက်ရတာပါ၊ ဩဇာတောကျေးရွာအနီး မင်းတောင်လမ်းဆုံမှာ သေနတ် ၁၅ ချက်ဖောက်ပြီး ကျောက်ပန်းတောင်းဘက်ကို ဆက်ထွက်သွားတယ်လို့ သတင်းရပါ တယ်” ဟု မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့၊ တပ်ခွဲ ၂ တာဝန်ခံကျော်ထိုက်က ပြောဆို သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *