အောင်လံမြို့နယ်ရှိ တလုပ်ပင်အုပ်ချုပ်ရေးမှူးမြင့်ဆွေနှင့် ရဲဒုတကမျိုးကြီးတို့၏ နေအိမ်များကို ချိတ် ပိတ် သိမ်းဆည်းမည်ဟု အောင်လံ PDF ထုတ်ပြန်
သံလွင်မြန်မာသတင်း
မတ်လ ၁၁
မကွေးတိုင်း ၊ အောင်လံမြို့နယ်ရှိ တလုပ်ပင်အုပ်ချုပ်ရေးမှူးမြင့်ဆွေနှင့် ရဲဒုတကမျိုးကြီးတို့၏ နေ အိမ်များကို ချိတ်ပိတ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ရသည့် အောင်လံမြို့နယ် ၊ တလုတ်ပင် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း မြင့်ဆွေသည် ရွှေပန်းတောနှင့် သမ္ဘူလတိုက်နယ်များတွင် ဆက် ကြေးကောက်ခြင်း၊ အပြစ်မဲ့ပြည်သူပိုင် ပစ္စည်းများအား သိမ်းဆည်း၍ ကိုယ်ကျိုးအတွက် အသုံးချ ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးငွေညှစ်ခြင်းများအားဖြင့် ချမ်းသာကြွယ်ဝလာသူ တစ်ဦးဖြစ်ပြီး တလုတ်ပင်ကျေးရွာအတွင်းရှိ ၎င်းပိုင် နေအိမ်ကိုလည်း အထက်ဖေါ်ပြပါ နည်းလမ်းများမှ ရရှိသည့် ငွေကြေးဥစ္စာများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၂ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ရသည့် သမ္ဘူလတိုက်နယ် ရဲ စခန်းမှ ရဲဒုတပ်ကြပ် မျိုးကြီးသည်လည်း ဆက်ကြေးကောက်ခြင်း၊ အပြစ်မဲ့ ပြည်သူများအား နည်း လမ်းမျိုးစုံဖြင့် ဖမ်းဆီး၊ ခြိမ်းခြောက်၊ ငွေညှစ်ခြင်းတို့အားဖြင့် ချမ်းသာကြွယ်ဝလာသူတစ်ဦးဖြစ်ပြီး သမ္ဘူလတိုက်နယ်အတွင်းရှိ ၎င်းပိုင် နေအိမ်ကို အထက်ဖေါ်ပြပါ နည်းလမ်းများမှ ရရှိသည့် ငွေကြေး များဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ၎င်းတို့ ၂ ဦးပိုင်ဆိုင်သည့် နေအိမ်များအား အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ချိတ်ပိတ်သိမ်းဆည်းသွားရန် စီစဥ်ဆောင်ရွက်လျက်ရှိပြီး ယင်းနေအိမ်များအား ရောင်းဝယ်ဖောက် ကားမှု မပြုကြရန် မိဘပြည်သူများအား အသိပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media