TNLA News

0 0
Read Time:2 Minute, 37 Second

တအာင်းပြည်တွင်  ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၈၅ ဦးနှင့် ရောင်းဝယ်သူ ၇ ဦး ဖမ်း ဆီးရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်တွင် ဖေဖော်ဝါရီလ အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၈၅ ဦးနှင့် ရောင်းဝယ်သူ ၇ ဦးဖမ်းမိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့မှ နမ့်ခမ်းမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့် ဆန်မြို့နယ်နှင့် မိုင်းယော်မြို့နယ်တိုတွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၈၅ ဦးနှင့် ရောင်းဝယ်သူ ၇ ဦး ဖမ်း ဆီးနိုင်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြိုနယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၂၇ ဦးနှင့် ရောင်း၀ယ်သူ ၅ ဦးတို  ဖမ်းဆီးရမိခဲ့ပြီး မိုး ကုတ်မြို့နယ်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ ၂ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၇ ဦး ဖမ်းဆီးနိုင်ခဲ့ပြီး ကျောက်မဲမြို့နယ်တွင် လည်း မူးယစ်ဆေးဝါးသုံးစွဲသူ ၁၇ ဦးနှင့်ရောင်းဝယ်သူ ၁ ဦးတို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ထိုအပြင် နမ့်ဆန်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၂၃ ဦးကို ဖမ်းဆီးခဲ့ပြီး မိုင်းယော်မြို့နယ်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ ၉ ဦးနှင့် ရောင်းဝယ်သူ ၁ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးရရှိသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့မှ ၆ လကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို့ ပို့ဆောင်ကာ ပြုပြင် ပေးမည် ဖြစ်ပြီး ပြစ်မှုကြီးသည့်သူများကို ထောင်အတွင်းအကျဉ်းချကာ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ စုစုပေါင်း ၁၉၂၃ ဦးကို ဖမ်းဆီး အရေး ယူနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *