နွေဦးတော်လှန်ရေးတွင် PNLO ၊ PNFC စသည့် ပအိုဝ်းတော်လှန်ရေးအင်အားစုများ ပါဝင်နေသော် လည်း PNO အသွင်ပြောင်း ပြည်သူ့စစ်က ပအိုဝ်းပြည်သူလူထုကို မျက်စိပိတ် ၊ နားပိတ် အတင်းဖိနှိပ် ၍ ပအိုဝ်းပြည်သူကို အသုံးချကာ စစ်အာဏာရှင်အသက်ဆက်နိုင်ရေး ကာကွယ်ပေးနေ
သံလွင်မြန်မာသတင်း
မတ်လ ၁၀
လက်ရှိနွေဦးတော်လှန်ရေးတွင် PNLO ၊ PNFC စသည့် ပအိုဝ်းတော်လှန်ရေးအင်အားစုများ ပါဝင်နေ သော်လည်း PNO အသွင်ပြောင်း ပြည်သူ့စစ်က ပအိုဝ်းပြည်သူလူထုကို မျက်စိပိတ် ၊ နားပိတ်အတင်း ဖိနှိပ် ၍ ပအိုဝ်းပြည်သူကို အသုံးချကာ စစ်အာဏာရှင်အသက်ဆက်နိုင်ရေး ကာကွယ်ပေးနေကြောင်း PNLA က ပြောကြားသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပသည့် (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) က ပြောဆိုထား ခြင်းဖြစ်သည်။
လက်ရှိ ပအိုဝ်းဒေသ မြေပြင်အနေအထားတွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ PNO အ သွင်ပြောင်းပြည်သူ့စစ်၏ တပ်အင်အား အတင်းအဓမ္မစုဆောင်းမှု၊ ခေါင်းစဉ်အမျိုးအမျိုးတပ်ပြီး ငွေကြေးကောက်ခံမှု စသည့် စစ်ကောင်စီ၏ ဖိနှိပ်မှုနှင့်PNO ပြည်သူ့စစ်၏ ဖိနှိပ်မှုအမျိုးမျိုးကို ခံစားနေကြရကြောင်း သိရသည်။
ပအိုဝ်းလူမျိုးတို့သည် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး၊ ပအိုဝ်းပြည်နယ်အပါအဝင် ပြည်နယ်သစ်များ ပေါ် ထွန်းရေး စသည့်ရည်ရွယ်ချက်များဖြင့် ခေတ်အဆက်ဆက်တော်လှန်ရေးများတွင် ပါဝင် တိုက် ပွဲဝင် ခဲ့ကြောင်း၊ နွေဦးတော်လှန်ရေးတွင် ပအိုဝ်းအင်အားစုများ ဖြစ်သော PNLO PNFC စသည့် ပအိုဝ်း တော်လှန်ရေးအင်အားစုများ ပါဝင်နေသော်လည်း PNO အသွင်ပြောင်း ပြည်သူ့စစ်သည် ပအိုဝ်း ပြည် သူလူထုကို မျက်စိပိတ် နှားပိတ် အတင်းဖိနှိပ်ပြီး ပအိုဝ်းပြည်သူကိုအသုံးချကာ စစ်အာဏာရှင် အသက် ဆက်နိုင်ရေး ကာကွယ်ပေးနေကြောင်း PNLA က ပြောဆိုသည်။
ပအိုဝ်းလူမျိုးတို့သည် မိမိကိုယ်ကို “ခွန်ခွို” ဟု ပြောဆိုယုံကြည်ထားကြသည့်အတိုင်း အဓိပ္ပာယ်ပြည့် ဝ လာစေရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရန်၊ ပအိုဝ်း ပြည်နယ်အပါအဝင် ပြည်နယ် သစ်များ ပေါ်ထွန်းလာရန်၊ စစ်အာဏာရှင်နှင့်အမျိုးသားအာဏာရှင် PNO အသွင်ပြောင်း ပြည်သူ့စစ်တို့၏ဖိနှိပ် မှုမှ လွတ်မြောက်နိုင်ရန် တော်လှန်ရေးတွင်ပါဝင်ကြဖို့လိုအပ်ကြောင်း တိုက်တွန်းနှိုးဆောင်ထား သည်။
လက်ရှိနွေဦးတော်လှန် ရေးသည် လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်ထားနိုင်ပြီး မြန်မာ နိုင်ငံ တွင်မပေါ်ပေါက်ခဲ့ဖူးသော အရှိန် အဟုန်ဖြင့်သွားနေသည့် တော်လှန်ရေးဖြစ်သည့်အတွက် ဤ တော်လှန်ရေးတွင် ပအိုဝ်းလူမျိုးများ တစ်တပ်တစ်အားပါဝင်ခြင်းဖြင့် ပအိုဝ်းအမျိုးသားနိုင်ငံရေး အ ခွင့်အရေးများ အလျင်အမြန်ရရှိနိုင်သည့်အခွင့်အရေးဟု ရှုမြင်သင့်ကြောင်း အကြံပြုထားသည်။
အမျိုးသားနေ့သည် ဇာတိသွေး ဇာတိမာန်မှ ပေါက်ဖွားလာခြင်းဖြစ်သည့်အတွက် အမျိုးသားနေ့ဟူ သည့် ဝိသေသ နှင့်အညီ ပျော်ပွဲ ရွှင်ပွဲ ရိုးရာယဉ်ကျေးမှုဖော်ထုတ်ပြသခြင်းအပြင် ပအိုဝ်းလူမျိုးတို့၏ သမိုင်းကြောင်းများ နိုင်ငံရေးလိုလားချက်များ၊ ပအိုဝ်းလူထုခံစားနေရသော ဖိနှိပ်မှုများကို ဖော်ထုတ် ဟောပြော ပညာပေးခြင်းဖြင့် နိုင်ငံရေးအနှစ်သာရပြည့်ဝစွာကျင်းပရန်လိုအပ်သည်ဟုဆို သည်။
အဝေးရောက် ပအိုဝ်းပြည်သူများအနေဖြင့် တော်လှန်ရေးအတွက် ငွေအား၊ အကြံဉာဏ်အားများဖြင့် လည်းကောင်း မိမိတို့ရောက်ရှိနေသော နိုင်ငံများ၏တိုးတက်မှုများ၊ ကောင်းမွန်သောနိုင်ငံရေးစနစ် များနှင့် ချိန်ထိုးနှိုင်းယှဉ်ပြီး မျက်စိပိတ် နားပိတ်ခံနေရသော ပအိုဝ်းပြည်သူများအား မျက်စိပွင့် နားပွင့် လာစေရန် ဝိုင်းဝန်းစည်ရုံးပေးခြင်းတို့ဖြင့်လည်းကောင်း တော်လှန်ရေးတွင်ပါဝင်ကြရန် တိုက်တွန်း ထားသည်။
၇၆ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ရောက်ရှိလာသောအချိန်ကာလသည် မြန်မာနိုင်ငံတွင် စစ်အာ ဏာသိမ်းမှုကြောင့် တော်လှန်ရေးတိုက်ပွဲများ နိုင်ငံအနှံ့တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေပြီး နွေဦးတော်လှန်ရေး၏ ၅ နှစ်တာကာလအတွင်းရောက်ရှိနေသည့် အချိန်အခါဖြစ်ကြောင်း၊ ပအိုဝ်း ဒေသအပါအဝင် ယခုဖြစ်ပွားနေသော စစ်ပွဲများသည် ပအိုဝ်းလူမျိုးအချင်းချင်းဖြစ်သည့်စစ်ပွဲ၊ တိုင်း ရင်း သားများအချင်းချင်းဖြစ်ပွားသောစစ်ပွဲ မဟုတ်ပဲ နိုင်ငံရေးစနစ်ပြောင်းလဲရန် တော်လှန်တိုက်ပွဲ ဝင်နေသော ခေတ်ပြောင်း စနစ်ပြောင်းတော်လှန်ရေးစစ်ပွဲဖြစ်ကြောင်း PNLA ၏ သဝဏ်လွှာ၌ ဖော် ပြထားသည်။
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သော ပအိုဝ်းလူမျိုးများအနေဖြင့် ခေတ်ပြောင်း စနစ်ပြောင်းတော်လှန် ရေးတွင် ရှောင်လွဲလို့မရနိုင်ပဲ နိုင်ငံစနစ်ပြောင်းလဲနိုင်ရေး၊ ပအိုဝ်းလူမျိုးတို့၏နိုင်ငံရေးအခွင့် အရေး များ ရရှိနိုင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media