Mon State News

0 0
Read Time:2 Minute, 50 Second

မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် ဂျိုုင်းတံတားဖွင့်ပွဲပြုလုပ်စဉ် ဒရုန်းဖြင့် ဗုံး ကြဲ တိုက်ခိုက်မှု စကစခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့အပါင်းပါများ ကသုတ်ကရက်ထွက်ပြေး၊ စစ်သား ၃ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၀

 

မွန်ပြည်နယ် နှင့်ကရင်ပြည်နယ်သို့ ဆက်သွယ်ထားသည့် ဂျိုင်းတံတားဖွင့်ပွဲပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အပေါင်းပါများ ကသုတ်ကရင်ထွက်ပြေးသွားကြောင်း Mon Liberation Army ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၉ ရက် နံနက် ၅ နာရီ ၃၈ မိနစ်တွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၏ Spring UAV Force – G3 Fixed-wing ဒရုန်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၁ လုံး၊ ၅ နာရီ ၄၃ မိနစ်တွင် ဗုံး သီး ၁ လုံး ၊ ၈ နာရီ ၃၀ မိနစ်တွင် ဗုံးသီး ၁ လုံးစုစုပေါင်း ၃ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ဂျိုင်းတံတားသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် နေကြသည့် အကြမ်းဖက်စစ်ကောင်စီခန့် ဦးမျိုးသန့် (ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီး) ၊ ဦးစောမြင့်ဦး (ကရင်ပြည်နယ်ဝန်ကြီးချုပ်) ၊ ဗိုလ်-မှူး-ကြီး- ဗညားဝင်း (ဒုတိုင်းမှူး-အရှေ့ တောင်တိုင်းစစ်ဌာနချုပ်) ၊ ဦးညွှန့်လင်း (ကရင်ပြည်နယ် တရားလွတ်တော် တရားသူကြီးချုပ်) နှင့် ဦးညီညီဇော် (ကရင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး) တို့သည် ဖဲကြိုးဖြတ်ပြီးလျှင် ပြီးချင်း ကသုတ်ကရက် ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ကားဖြင့် သယ်ထုတ်သွားကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ၏ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အ‌ခြေစိုက် ခမရ (၅၄၅) ၊ (၅၄၆) နှင့် ဗျူဟာကုန်းရှိ Jammer များကြောင့် ဒရုန်းဗုံးသီး လွှင့်စင်ခဲ့ရာ တံတားဟောင်းအောက်ဘက်ခြမ်း မူလတန်းကျောင်းအနီးမှ ဈေးသည်တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီမှ ပြုလုပ်သော ပွဲလမ်းသဘင်၊ အခမ်းအနားများနှင့် နီးကပ်စွာ နေထိုင်ခြင်းမပြုကြရန် မေတ္တာရပ်ခံအသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *