Mandalay News

0 0
Read Time:2 Minute, 1 Second

မြင်းခြံမြို့နယ်၊ လယ်သစ်ရွာစစ်တပ်အထိုင်စခန်းနှင့် စစ်ကြောင်းကို ၅ ရက်ကြာတိုက်ခိုက်မှု စစ်သား ၁၅ ဦး သေဆုံးပြီး သံချပ်ကာ ကား ၂ စီးပျက်စီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၁၀

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာ စစ်တပ်အထိုင်စခန်းနှင့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး သံချပ်ကာ ကား ၂ စီးပျက်စီးခဲ့ကြောင်း မြင်းခြံခရိုင် ပကဖ ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ မြင်းခြံမြို့နယ် ၊ လယ်သစ်ကျေးရွာတွင် အထိုင် ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် မြင်းခြံ-နဘူးအိုင် လမ်းပိုင်းပေါ်သို့ စစ်ကြောင်းထိုးလာ သော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၅ ရက်ကာ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး သံချပ်ကာကား ၂ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း အထိနာသော အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး အ မြောက်အများ ပစ်ကူပေးတိုက်ခိုက်ခဲ့သဖြင့် ဒေသနေ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေခဲ့ရကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်ပကဖ ရဲဘော်များ နှင့် မြင်းခြံခရိုင် တပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လေကြောင်းမှ မိပြည်သူများကို ပစ်မှတ်တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် အထူးသတိပြုင နေထိုင်ပေးကြပါရန် အသိပေထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *