ရန်ကုန်မြို့၊ တောင်ဒဂုံ ၁၄၁ ရပ်ကွက်ရုံးအတွင်း ဇိုးအုပ်ကြီးနှင့်အပေါင်းပါများရှိနေစဉ် လက်ပစ်ဗုံး ၃ လုံးဖြင့် တိုက်ခိုက်မှု ထိခိုက်မှုရှိနိုင်
သံလွင်မြန်မာသတင်း
မတ်လ ၉
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၁၄၁ ရပ်ကွက်ရုံး၌ ဇိုးအုပ်ကြီးနှင့်အပေါင်းပါများရှိနေစဉ် လက်ပစ်ဗုံး ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Yangon Army တပ်ဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၈ ရက် ည ၁၀ နာရီက တောင်ဒဂုံမြို့ နယ်၊ ၁၄၁ ရပ်ကွက်ရှိ အကြမ်းဖက် မင်း အောင်လှိုင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံး၌ ဇိုးအုပ်ကြီးနှင့် အပေါင်းပါများရှိနေစဉ် ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်များ လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိထိရောက် ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း ဇိုးအုပ်ကြီးနှင့်အပေါင်းပါ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ထို့သို့ တိုက်ခိုက်ရခြင်းမှာ ဇိုးအုပ်ကြီးနှင့်အပေါင်းပါများသည် ရပ်ကွက်နေ ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျနေခြင်းကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထား သည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်(ပကဖ) တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျား ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်အာဏာရှင် မပြုတ်မချင်း ကျန်ရှိနေသော ပစ်မှတ်များကို ဆက်လက်၍ တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း Yangon Army (YA) က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media