သံတောင်ကြီးမြို့နယ်၊ သပြေညွန့်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး လက် နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
မတ်လ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သပြေညွန့်စခန်းကို တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။
မတ်လ ၇ ရက် မွန်းလွဲ ၁ နာရီခန့်က သံတောင်ကြီးမြို့နယ်၊ သပြေညွန့်ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ ရာ မတ်လ ၈ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံး ကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၂၀ ခန့်လည်း စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
သိမ်းပိုက်ရရှိသည့် စစ်ကောင်စီတပ်စခန်းကို မီးရှို့ရှင်းလင်းဖျက်ဆီးလိုက်ပြီး ထွက်ပြေးလွတ်မြောက် သွားသည့် စစ်ကြောင်စီတပ်သား များကိုလည်း လိုက်လံရှင်းလင်းလျက်ရှိကြောင်း ၊ ယင်း အကြမ်း ဖက်စစ်တပ် စခန်းသည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ် ရန်ကုန်-မန္တလေး ကားလမ်းအနီးတွင် တည်ရှိသည့် စခန်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၂ ၊ တပ်မဟာ ၃ ၊ PDF အထူးကွန်မန်ဒိုတပ်ရင်း တို့ ပူး ပေါင်းကာသိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကူလမ်းကြောင်း ဖြတ်တောက်ရေးအဖြစ် တပ်ရင်း ၃၅၀၂ ၊ အာဠာဝက ၊ ဧရာဝတီ ၊ ဖြူး၊ ရန်ကုန်၊ အုတ်တွင်း ပကဖအဖွဲ့များ ပူးပေါင်း တာဝန်ယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Thanlwin Myanmar Media