ရှေ့တန်းစစ်မျက်နှာတွင် သင်တန်းဆင်းကာစ စစ်သားများ သေဆုံးမှုကို မျက်မြင်တွေ့ရှိခဲ့ရဟု တသ အောင်ပြည့်လျှံ ပြော (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစစ်မျက်နှာတွင် သင်တန်း ဆင်းကာစ စစ်သားများ သေဆုံးနေသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း CDM စစ်သား အောင်ပြည့် လျှံက ပြောကြားသည်။
တသအောင်ပြည့်လျှံသည် တပ်မ ၅၅ လက်အောက်ခံ ရွှေညောင်မြို့အခြေစိုက် ခလရ ၉၄ တပ်ရင်းမှ တပ်သားတစ်ဦးဖြစ်ပြီး ကော့ကရိတ်မြို့၊ အောင်ဇေယျစစ်ကြောင်းရှေ့တန်းစစ်မျက်နှာသို့ရောက်ရှိ နေစဉ် ထွက်ပြေးလာကာ KNLA တပ်ဖွဲ့အလင်းဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။
“တချို့ကျောင်းဆင်းလာခါစရဲဘော်တွေဆိုရင် သူတို့အိမ် တွေနဲ့ သူတို့မိဘတွေနဲ့အဆက်အသွယ်မရ ကြဘူး။ အခုမှကျောင်းဆင်းလာတဲ့ရဲဘော်တွေဆိုရင် ကျ နော့်ရှေ့တင်၊ မျက်စိရှေ့တင် တစ်ယောက် လည်းမဟုတ်ဘူး။ နှစ်ယောက်လည်း မဟုတ်ဘူး။ ကျသွားတာ။ ကျောင်းလည်းဆင်းလာ သူတို့မိဘ တွေနဲ့ အဆက်အသွယ်မရကြဘူး။ သူတို့က ကျသွားပြီ။ ဒီလို မျိုးတွေလည်းမြင်တွေ့ရတော့ ကျနော် လည်း စိတ်မကောင်းဘူး ။” ဟု တသအောင်ပြည့်လျှံက ပြောကြားသည်။
မေး = အမည်၊ ကိုယ်ပိုင်နံပါတ်၊ မိခင်တပ်ရင်းကို ပြောပြပါ။
ဖြေ = အောင်ပြည့်လျှံ ၊ တပ်မ ၅၅ လက်အောက်ခံ ခလရ ၉၄ ရွှေညောင်မြို့ ။
မေး = စကစတပ်ထဲကို ဘယ်လိုအကြောင်းကြောင့် ဝင်ရောက်လာသလဲ။
ဖြေ = နေတာကတော့ ရန်ကုန်ပါ။ အလုပ်မသွားချင်လို့ ဗန္ဓလပန်းခြံသွားတော့ အဲဒီက ကိုယ်စား လှယ်နဲ့သွားတွေ့တာ၊ ကိုယ်စားလှယ်ကမေးတယ်။ ညီလေးဘာအလုပ်လုပ်လဲတဲ့။ အလုပ်လုပ်တယ်၊ အလုပ်က လုံခြုံရေးပေါ့၊ ညီလေးအလုပ်လုပ်မလားတဲ့၊ လစာကောင်းတယ်။ ပိုက်ဆံဝင်ငွေကောင်း တယ်တဲ့၊ ဘာအလုပ်လဲမေးတော့ ရာဘာတောမှာ လစာကောင်းတယ်။ ဝင်ငွေကောင်းတယ်လို့ ပြော တော့ ကျနော်လည်း လုပ်မယ်ဆိုပြီး လိုက်လာတာ။ တဆင့်ပြီးတဆင့် လူချိန်းတယ်။ တစ်ယောက်ပြီး တစ်ယောက်ကို ကျနော်ကိုလာခေါ်တယ်။ နောက်ဆုံးရန်ကုန်တိုင်းအားကစားကွင်းကြီးထဲရောက် ပြီး တော့ အဲဒီက ဗိုလ်ကြီးတစ်ယောက် ကျနော့်ကိုလာပြီးတော့ခေါ်တာ။ အဲဒီဗိုလ်ကြီးကတဆင့် တညင်း ကုန်းစုဆောင်းရေးက ကိုယ်စားလှယ်တပ်ကြပ်ကြီးကိုလှမ်းခေါ်ပြီးတော့ လိုက်ထရပ်နဲ့လာခေါ်တာ၊ အဲဒီ တညင်းကုန်းစုဆောင်းရေးကို။ ဟိုရောက်တော့ စစ်တပ်မှန်းလည်းသိတယ်၊ ဒါပေမယ့် မလုပ်ဖူး လို့လည်းပြောဖို့အစီအစဉ်ရှိတယ်။ ဆန္ဒမပါဘူးလို့ပြောဖို့လည်းအစီအစဉ်ရှိတယ်။ ကိုယ့်ရှေ့မှာ တစ် ယောက်လည်းမဟုတ်ဘူး။ နှစ်ယောက် သုံးယောက်ရှိနေပြီ သူတို့က ဆန္ဒမပါဘူးလို့ပြောကြာတာ။ မေးတဲ့သူကတော့ ဆန္ဒမပါဘူးဆိုလည်း ရတယ်၊ သူတို့ကို ခေါ်လာတဲ့ ကိုယ်စားလှယ်တွေကို ပြန်မေး တာ၊ မင့်လူက ဆန္ဒမပါဘူးပြောတော့ ရတယ်ဆိုပြီး တဖက်ခြံထဲခေါ်သွားတာ၊ ထုတယ်၊ ထောင်း တယ်။ တစ်ယောက်လည်းမဟုတ်ဘူး၊ နှစ်ယောက်လည်းမဟုတ်ဘူး။ အဲလိုမျိုးမြင်ရတော့ နောက် လူ တွေလည်း မပြောရဲတော့ဘူး။
မေး = ဘယ်နေရာ ၊ ဘယ်အကြောင်းကြောင့် ဘယ်တပ်ကနေ အလင်းဝင်လာတာလဲ။
ဖြေ = ကျနော်တို့ ကော့ကရိတ်မြို့ပေါ်ရောက်တယ်။ အဲဒီမှာလည်း နှစ်ရက် သုံးရက်လောက်ရှိတယ်၊ မအိပ်ရဘူး။ မနက် ၃ နာရီလောက်ရှိတယ်၊ ထသွားတော့ အဲဒီနေရာတွေလည်း မသိဘူး။ ဘယ်ရွာ တွေရောက်သွားမှန်းလည်းမသိဘူး။ ရွှေကျမင်းဘုန်းကြီးကျောင်းဘက်ကနေ အဲဒီဘက်ဝင်ရမယ် ဆိုပြီး ဒီဘက်အာရှလမ်းမပေါ်ကို ပြန်ဖောက်ထွက်တာ။ အဲဒီမှာ စစ်တပ်က ကင်းချထားတဲ့ အဖွဲ့ တစ်ဖွဲ့ရှိတယ်၊ ကျနော်တို့ကို မြင်တော့ ဓာတ်မီးနဲ့လှမ်းထိုးတယ်။ ဓာတ်မီးနဲ့လှမ်းထိုးတော့ ကားလမ်း ဘေးကို ပြေးဝယ်တယ်၊ ပြေးဝပ်တော့ မရဘူး။ နောက်က လှမ်းပစ်တယ်။ လှမ်းပစ်တော့ ကျနော်တို့ ကြောက်အားလန့်အားနဲ့ပြေးတာ။ ကျနော်တို့ထွက်လာတက ၄ ယောက်၊ တစ်ယောက်ကအဲဒီမှာ ကျန်ခဲ့တယ်။ ကျနော်တို့လည်း လျှောက်လာရင်း လျှောက်လာရင်းနဲ့ စောင့်သေးတယ်၊ တော်တော်က ကြီးလာတော့ လိုက်လာတော့၊ အဲဒီတစ်ယောက်ကတော့ အဲဒီမှာကျန်ခဲ့တယ်။ ကျနော်တို့အခုလက်ရှိ တိုက်နေရတာက ဘာအဓိပ္ပါယ်မှ မရှိဘူး။ တချို့ကျောင်းဆင်းလာခါစရဲဘော်တွေဆိုရင် သူတို့အိမ် တွေနဲ့ သူတို့မိဘတွေနဲ့အဆက်အသွယ်မရကြဘူး။ အခုမှကျောင်းဆင်းလာတဲ့ရဲဘော်တွေဆိုရင် ကျ နော့်ရှေ့တင်၊ မျက်စိရှေ့တင် တစ်ယောက်လည်းမဟုတ်ဘူး။ နှစ်ယောက်လည်း မဟုတ်ဘူး။ ကျသွား တာ။ ကျောင်းလည်းဆင်းလာ သူတို့မိဘတွေနဲ့အဆက်အသွယ်မရကြဘူး။ သူတို့က ကျသွားပြီ။ ဒီလို မျိုးတွေလည်းမြင်တွေ့ရတော့ ကျနော်လည်း စိတ်မကောင်းဘူး ။ ဒီတိုက်နေရတာလည်း ဘာ အဓိပ္ပါယ်မှ မရှိဘူးဆိုပြီး အတွေးထဲ၊ ခေါင်းထဲဝင်လာတယ်၊ အဲဒါနဲ့ ဒီဘက်ကို အလင်းဝင်လာတာပါ။
မေး = စကစတပ်တွင်းမှာရှိတဲ့ အထက်အရာရှိတွေရဲ့ စိတ်နေသဘောထား ဘယ်လိုမြင်လဲ။
ဖြေ = အာဏာရူးတွေလို့ မြင်တယ်။ ဟိုရဲဘော်ကြီးကနေစပြီးတော့ ကာကွယ်ရေးဦးစီးချုပ်အထိကို အာဏာရူးတာ။ သူတို့ပြောလိုက်ရင်အထက်ကအမိန့် အထက်ကအမိန့် ၊ အထက်က ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရမယ်။ ဒါတွေ၊ ရဲဘော်တွေကနေစပြီးတော့ အာဏာရူးကြ တယ်၊ အဆင့်အတန်းခွဲခြားကြတယ်။
မေး = KNLA တပ်ဖွဲ့ထဲရောက်တော့ ဘယ်လိုကြိုဆိုလဲ။
ဖြေ = အားလုံးပျော်ပျော်ရွှင်ရွှင်ပဲပေါ့၊ ကျနော်တို့ကို နွေးနွေးထွေးထွေးနဲ့ကြိုဆိုတယ်၊
မေး = စကစဘက်က KNLA ထဲအလင်းဝင်ရင် ဘယ်လိုဖြစ်မယ်လို့ ဝါဒဖြန့်ထားလဲ။
ဖြေ = ဒီဘက်ရောက်ရင် သတ်မယ်ပေါ့၊ ဘယ်လို သတ်မယ်၊ ဘယ်ဝါသတ်မယ်နည်းမျိုးစုံနဲ့ ပြောတာ ပေါ့။ တိုက်ပွဲဖြစ်နေရင်းနဲ့ မိသွားရင် ဘယ်လိုသတ်မယ်၊ သူ့အောက်ကလူတွေထိထားရင် မင်းတို့ ပိုဆိုးမယ်၊ နှိပ်စက်မယ်။ သတ်မယ်၊ ဒီလိုမျိုးတွေ ဝါဒတွေဖြန့်ထားတာ။
မေး = စကစဘက်က ထွက်ပြေးတဲ့ ရဲဘော်တွေကို ဘယ်လိုအပြစ်ပေးအရေးယူတာတွေရှိလဲ။
ဖြေ = ရှေ့တန်းကနေ ထွက်ပြေးတယ်ဆိုလို့ရှိရင် သေဒဏ်ပဲဗျ။ ဒါက သေနတ်မပါသေးဘူး။ ဒါက လူလွတ်ပဲ၊ တိုက်ပွဲစွန့်ခွာမှုပေါ့၊ သေဒဏ်ပဲ၊ သေနတ်မပါဘူးနော်၊ သေနတ်ထွက်ပြေးမယ်၊ ဒီဘက် အလင်းဝင်လာမယ်ဆိုရင် မပြောတတ်ဘူး။
မေး = တပ်ထဲမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေကို ဘယ်လိုသတင်းစကားပါးချင်းလဲ။
ဖြေ = ဒီဘက်ကိုလာ ပြီးတော့ ပူးပေါင်းအလင်းဝင်စေချင်တာပေါ့၊ သူတို့လည်းဒီအတိုင်း ဆက်မေယ် ဆိုလို့ရှိရင် အန္တရာယ်လည်းများတယ်၊ ဒုက္ခတွေလည်းရောက်မယ်။ အခုလက်ရှိလည်း သူတို့ ဒုက္ခ ရောက် နေတာ သူတို့အသိပဲ၊ ဒီဘက်ကိုလာပြီးတော့ ပူးပေါင်းစေချင်တယ်၊ အလင်းဝင်စေချင်တယ်။
Thanlwin Myanmar Media