ထိန်းချုပ်မြေများရှိ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ထမ်းဆောင်လျက်ရှိသော CDM များ၏ လုံခြုံရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် NUG တိုက်တွန်း
သံလွင်မြန်မာသတင်း
မတ်လ ၉
ထိန်းချုပ်နယ်မြေများရှိ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ထမ်းဆောင်လျက်ရှိသော CDM များ၏ လုံခြုံ ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် NUG က ထုတ် ပြန် တိုက်တွန်းထားသည်။
ထိန်းချုပ်နယ်မြေများရှိ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း CDM များအပေါ် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် နည်းမျိုးစုံဖြင့် ဖမ်းဆီး နှိပ် စက် သတ်ဖြတ်ခံနေရမှုများကြောင့် အဆိုပါ နိုင်ငံ့ဝန်ထမ်း CDM များ၏ အသက်အန္တရာယ်နှင့် ဘေး ကင်းလုံခြုံရေးဆိုင်ရာ အာမခံနိုင်မှုမှာ လွန်စွာစိုးရိမ်ဖွယ်ရာ ရှိနေသည့် အတွက် CDM နိုင်ငံ့ဝန်ထမ်း ထု တစ်ရပ်လုံးက များစွာဝမ်းနည်း ထိတ်လန့်တုန်လှုပ်နေကြောင်း အသိပေးထားသည်။
ထို့ကြောင့် စစ်အာဏာရှင် တော်လှန်ရေး၏ အခန်းကဏ္ဏအသီးသီးတွင် တာဝန် ထမ်းဆောင် နေ သောနိုင်ငံ့ဝန်ထမ်း CDM များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် အာမခံချက် ရှိစေရန် လည်းကောင်း၊ မတရားစွပ်စွဲခံ၊ ဖမ်းဆီးခံ၊ သတ်ဖြတ်ခံခဲ့ကြရသော CDM များအတွက် တရားမျှတမှု နှင့် အမှန်တရားပေါ်ပေါက်စေရေးအတွက်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများက ပြစ်ဒဏ်ကင်း လွတ်ခွင့်ရရှိနေသည့် အလေ့အထကို အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် လည်းကောင်း၊ တရားမျှတမှု ပြန်လည်ဆောင်ကြဉ်းပေးနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးအား အလေးအနက် တိုက်တွန်း အပ်ပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်အာဏာရှင်ကို တော်လှန်နေကြသည့် သက်ဆိုင်ရာတော်လှန်ရေး အင်အားစုများက တော်လှန် ရေးသတိ၊ တော်လှန်ရေးအသိကို လက်မလွတ်စေဘဲ မိမိတို့စိုးမိုးအုပ်ချုပ်နိုင်သော နေရာဒေသ များ တွင် တရားရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်များကို ခိုင်မာ အားကောင်းစေပြီး ပြည်သူလူထုကို ရင်ဝယ်သားကဲ့သို့ ကာကွယ်စောင့်ရှောက် ပေးနိုင်ရေး အတွက် အထူးကြိုးပမ်း ဆောင်ရွက်ပေးပါရန် ဆက်လက် တိုက်တွန်းထားသည်။
နိုင်ငံ့ဝန်ထမ်း CDM များအနေဖြင့် အာဏာသိမ်းပြီးကာလမှစ၍ ၄ နှစ်တာကာလအတွင်း တော်လှန် ရေး မပြီးဆုံးခင် အသက်ခန္ဓာပေးဆပ်ခဲ့ကြသည့် CDM သူရဲကောင်းများအား တန်ဖိုးထား ဦးညွှတ် အ လေးပြုပါကြောင်းနှင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက် ရှိသည့် စစ်အာဏာရှင် စနစ် နှင့် အာဏာရှင်စနစ်မှန်သမျှ အမြန်ဆုံးအပြီးတိုင် ကျဆုံးချုပ်ငြိမ်း၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုက ရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်အထိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
နိုင်ငံ့ဝန်ထမ်း CDM များသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ရုံ မျှသာမက ဒေသအသီးသီးရှိ တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ တော်လှန်ရေး၏ အရေးပါသော အခန်းကဏ္ဍများ ဖြစ်သည့် လက်နက်ကိုင်ကဏ္ဍနှင့် ပြည် သူ့ ဝန်ဆောင်မှုကဏ္ဍများဖြစ်သည့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ကဏ္ဍ၊ လူသားချင်းစာနာ ထောက်ထားရေးကဏ္ဍ အစရှိသည်တို့တွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် အများပြည်သူ ၏ဆန္ဒကို လျစ်လျူရှုကာ နိုင်ငံတော်၏အာဏာကို လက်နက်အားကိုးဖြင့် အဓမ္မသိမ်းယူခဲခြင်း ကြောင့် ပြည်သူ တစ်ရပ်လုံးက နွေဦးတော်လှန်ရေးကြီးကို စတင်ဆင်နွှဲချိန်မှစ၍ နိုင်ငံ့ဝန်ထမ်း CDM များသည် နွေဦး တော်လှန်ရေးကြီး၏ အဓိကအခန်းကဏ္ဍ တစ်ခုဖြစ်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှား မှု တွင် အရှိန်အဟုန်ဖြင့် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်း CDM များသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မိမိတို့၏ ရာထူး၊ အ ဆောင်အယောင်နှင့် ရပိုင်ခွင့်များကို စွန့်လွှတ်ခဲ့ကြသည်သာမက မိမိကိုယ်တိုင်နှင့် မိသားစုများ၏ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အစရှိသည့်တို့တွင် ထိခိုက်နစ်နာမှုများ အပြင်းအထန် ကြုံ တွေ့ခဲ့ရပြီး အထွေထွေ အခက်အခဲများကြားမှ ယနေ့အချိန်အထိ ဆက်လက် ကြံ့ကြံ့ခံ တော်လှန်နေ ဆဲ ဖြစ်သည်။
Thanlwin Myanmar Media