မင်းလှမြို့နယ်တွင် ဆင်းရဲနွမ်းပါးပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ အတင်းအကြပ်ခြိမ်း ခြောက် ကောက်ခံနေသော ရာအိမ်မှူး ၁ ဦးပစ်ခတ်ခံရပြီးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၉
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဆင်းရဲနွမ်းပါးပြည်သူများထံမှ စစ်မှုထမ်းကြေးဟု ဆိုကာ အတင်း အကြပ် ခြိမ်းခြောက်ကောက်ခံနေသော ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံးသွား ကြောင်း သာယာဝ တီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။
ယမန်နေ့ မတ်လ ၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မင်းလှမြိုနယ်၊ ထန်းပင်ကုန်းအုပ်စု၊ နတ် ထမင်းကျေးရွာနေ ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုး ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ၊ တပ်ခွဲ၂ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ၄င်း၏ နေအိမ်ထဲ ဝင်ရောက်၍ ဦးခေါင်းကို သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
သေဆုံးသူ ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုး သည် စစ်မှုထမ်းကြေးဟုဆိုကာ မရှိနွမ်းပါးပြည် သူများထံမှ ငွေကြေးများ အတင်းအကြပ် ခြိမ်းခြောက်ကောက်ခံပြီး ကောက်ခံငွေ မပေးသူများအား စစ်တပ်ခေါ် ဖမ်းဆီးခိုင်းခြင်း၊ စကစများထံ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များအား “ဂရုမစိုက်ဘူး” ဟုဆိုကာ စိန်ခေါ်နေသည့်အတွက် ယခုလို အရေးယူရ ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
မိဘပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စကစနှင့် စကစထောက်တိုင် များအား အရှိန်မြင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် ၄င်းတို့အနီး သွား လာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးထားသည်။
Thanlwin Myanmar Media