Bago News

0 0
Read Time:2 Minute, 59 Second

ပေါင်းတည်မြို့နယ်တွင် ပြည်သူများကို သေသည်အထိ ဖမ်းဆီးနှိပ်စက်နေသော နယ်ထိန်းရဲ ၁ ဦး ကို ပစ်ခတ်တိုက်ခိုက်မှု ထွက်ပြေးလွတ်မြောက်သွားသော်လည်း ဆိုင်ကယ်၊ လက်ပစ်ဗုံး၊ ကျည်ဆံများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၉

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများကို သေသည်အထိ ဖမ်းဆီးနှိပ်စက်နေ သော နယ်ထိန်း ရဲ ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထွက်ပြေးလွတ်မြောက်သွားသော်လည်း ဆိုင် ကယ်၊ လက်ပစ်ဗုံး၊ ကျည်ဆံများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပေါင်းတည် PDF တပ်ဖွဲ့ထံမှ သိရ သည်။

 

ယမန်နေ့ မတ်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် ပေါင်းတည်မြို့နယ် သဲမဲရွာနှင့် ကုန်းသာ ရွာ အကြားတွင် မှတ္တိုင်ရဲစခန်းမှ နယ်ထိန်းရဲတကသိန်းလွင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မ တော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၅ မှရဲဘော်များက စောင့်ကြိုနေခဲ့ကြောင်း၊ ထိုသို့စောင့်ကြို နေ သည်ကို နယ်ထိန်းတက သိန်းလွင်က အဝေးမှ မြင်တွေ့သွားပြီး ဆိုင်ကယ်ထားကာ ဆည်ဘောင်း အ တွင်း ခုန်ဆင်းကာ ထွက်ပြေးသွားကြောင်း သိရသည်။

ဆည်ဘောင်အတွင်း ခုန်ဆင်းထွက်ပြေးသွားသည့် ရဲတက သိန်းလွင်ကို တော်လှန်ရေး ရဲဘော် များ က လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အသက်မသေဘဲထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။

 

ထို့ကြောင့် ၎င်းပိုင် ဆိုင်ကယ် ၁ စီး၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်မျိုးစုံ ၆ တောင့် ၊ လက်ထိပ် ၁ စုံ၊ ငွေသား ၁၃၀၀၀၀ ကျပ်၊ ဆိုင်ကယ်လိုင်စင်စာအုပ် ၊ ရဲဝန်ထမ်းကတ်၊ ဆိုင်ကယ်မောင်း လိုင်စင်နှင့် အတူစာရွက်စာတန်းအချို့ကို သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း သိရသည်။

 

နယ်ထိန်းရဲတပ်ကြပ်သိန်းလွင်သည် မှတ္တိုင်နယ်မြေရဲစခန်းပိုင်အတွင်းရှိ ကျေးရွာအုပ်စုနေ ပြည်သူ များထံမှ အဓမ္မစစ်သားစုဆောင်းခြင်း၊ ငွေကြေးချမ်းသာသူများကို ဖမ်းဆီးချုပ်နှောင်ပြီး ငွေညှစ်ခြင်း၊ ၎င်း၏ ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးမှုများကြောင့် သေဆုံးသူများရှိသည့်အပြင် ထောင်ကျသူများလည်း ရှိကြောင်း သိရှိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများ၊ ရဲများ၊ ပျူများအနေဖြင့် အကြမ်းဖက်မှုများကို ရပ် တန့်၍ ပြည်သူနှင့်အမြန်ဆုံးပူးပေါင်းကာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက် ကြရန် ပေါင်းတည် PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *