Shan State News

0 0
Read Time:3 Minute, 16 Second

ရှေ့တန်းတိုက်ပွဲရောက်မှ ဘက်ပြောင်းခိုလှုံခြင်းသည် အလွန်အန္တရာယ်များပြားသဖြင့် စစ်မှုထမ်း စုဆောင်းခံရနိုင်ခြေရှိပါ တော်လှန်ရေးတပ်ဖွဲ့များထံချိတ်ဆက်၍ တိမ်းရှောင်ကြရန် ဓနုဒေသ အခြေ စိုက်တပ်မတော် – P3-1003 တပ်ရင်း ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

မတ်လ ၈

 

ရှေ့တန်းတိုက်ပွဲရောက်မှ ဘက်ပြောင်းခိုလှုံခြင်းသည် အလွန်အန္တရာယ်များပြားသဖြင့် စစ်မှုထမ်း စု ဆောင်းခံရနိုင်ခြေရှိပါ တော်လှန်ရေးတပ်ဖွဲ့များထံချိတ်ဆက်၍ တိမ်းရှောင်ကြရန် ဓနုဒေသ အခြေ စိုက်တပ်မတော် – P3-1003 တပ်ရင်း ထုတ်ပြန်သည်။

 

ယခုအခါ စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်သားစုဆောင်း၍ စစ်မှုထမ်းခိုင်းမှုများ၊ တိုက်ပွဲထဲသို့ စေလွှတ်၍ အသေခံတိုက်ခိုင်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ စစ်မှုထမ်းဥပဒေဖြင့် ပါလာ၍ တိုက်ပွဲ ထဲမှ ထွက်ပြေးပြီး တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ခြင်းမျိုးလည်း ရှိကြောင်း သိရသည်။

 

ရှေ့တန်းတိုက်ပွဲအတွင်းမှ ဘက်ပြောင်းခိုလှုံခြင်းမှာ အန္တရာယ်လည်း အလွန်ပင်များပြားသောကြောင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မစစ်သားစုဆောင်းမှုခံရနိုင်ခြေရှိပါက တော်လှန်ရေး တပ်ဖွဲ့များထံ ချိတ်ဆက်၍ ကြိုတင်ရှောင်တိမ်းခြင်းမျိုးပြုလုပ်ကြရန်နှင့် ဓနုဒေသမှ ညီအစ်ကိုများ အနေဖြင့်လည်း စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်လိုပါက ကာကွယ်ရေး ဝန် ကြီးဌာန၊ ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ P3-1003 သို့ ဆက်သွယ်၍ အတူ လက်တွဲသွားကြရန် တိုက်တွန်း ဖိတ်ခေါ်ထားသည်။

ဓနုဒေသ ရွာငံမြို့ပေါ်တွင် ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၃ တပ်ရင်း ပုံရိပ်ကျစေရန်အတွက် ၁၀၀၃ တပ်ရင်းအမည်ဖြင့် ရည်ရွယ်ချက်ရှိရှိ ငွေကြေးတောင်းခံမှုများ ရှိခဲ့ ကြောင်း၊ ၁၀၀၃ တပ်ရင်းသည် ထိုကဲ့သို့ ပြည်သူလူထုဆီမှ အတင်းအဓမ္မ ငွေကြေး ရယူမှုမျိုးမလုပ် သည်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း အသိပေးထားသည်။

 

၁၀၀၃ တပ်ရင်းနှင့် (MOD) လက်အောက်ခံ မဟာမိတ်တပ်ရင်းများ၊ အဖွဲ့အစည်း များမှာလည်း မိဘ ပြည်သူတို့ထံမှ မိဘပြည်သူတို့ မကြည်ဖြူသော ပစ္စည်း၊ ငွေကြေးများကို ရယူခြင်း၊ တောင်းယူခြင်း မျိုးကို မပြုလုပ်ကြကြောင်း ဆက်လက် အသိပေးထားသည်။

 

၁၀၀၃ တပ်ရင်းသည် မိမိဒေသတွင် စစ်ရေးဖော်ဆောင်မှုများကို လုပ်ဆောင်ရာတွင် လည်း မိဘ ပြည်သူတို့ကို မထိခိုက်စေရန်အတွက် သတိပြုဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူတို့ လိုအပ်သည့် အချိန်တွင်လည်း အဆင်သင့်ဖြစ်နေစေရန် အမြဲလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန် ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *