CDM News

0 0
Read Time:4 Minute, 10 Second

ထိုင်းနိုင်ငံတွင် အချုပ်ကျပြီး ပြန်ပို့ခံရကာ စစ်သားအဖြစ်အဓမ္မစေခိုင်းခံရသူများအနက် ၁၆ ဦး ထွက် ပြေး၊ ၄ ဦးပြန်အဖမ်းခံရကာ မြိတ်ပကဖ ထံသို့ ၂ ဦးရောက်ရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၈

 

ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် အချုပ်ကျပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရကာ စစ်သားအဖြစ်အဓမ္မစေခိုင်းခံရ သူများ အနက် ၁၆ ဦးထွက်ပြေးလာပြီး ၄ ဦးပြန်လည်ဖမ်းဆီးခံရကာ မြိတ်ပကဖထံသို့ ၂ ဦးရောက်ရှိ လာခဲ့ကြောင်း မြိတ်ပကဖထံမှ သိရသည်။

 

မတ်လ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊ ရနောင်းမြို့အချုပ်တွင် အချုပ်ကျခံပြီးနောက် မြန်မာနိုင်ငံသို့ ပြန် လည် ပို့ဆောင်ခံခဲ့ရကာ စစ်မှုထမ်းစစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရသူ သက်နိုင်ထွေး (ခ) စုစု နှင့် နိုင်ဝင်းထွန်းတို့သည် မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ ရောက်ရှိခိုလှုံခဲ့ကြောင်း သိရသည်။

 

“အားလုံးထွက်ပြေးလာတက ၁၆ ဦးလို့ပြောတယ်။ လမ်းမှာက ပြန်ဖမ်းခံထိသွားတာ ၄ ဦးရှိတယ်၊ လက်ရှိ ၂ ဦးတော့ ကျနော်တို့ဆီကို ရောက်လာပြီ။ ကျန်တဲ့ ၁၀ ဦးကလည်း လုံခြုံတဲ့နေရာရောက်ပြီ လို့ သိရတယ်။ ကျနော်တို့ဆီကို ချိတ်ဆက်လာတာက တိုင်းကနေချိတ်ဆက်လာတာ၊ အဓိကတော့ သူတို့က ထားဝယ်သားတွေဖြစ်နေလို့၊ သူတို့ကို စစ်မှုထမ်းဖမ်းခေါ်လာပြီးနောက် မြိတ်ကိုရောက် လာ တယ်။ မြိတ်ကိုရောက်လာတဲ့အတွက် တိုင်းကနေ ဖုန်းဆက်ပြီးတော့ အကူအညီတောင်းတဲ့အတွက် သူတို့ထွက်လာလို့ရမယ့် လမ်းကြောင်းကနေ ပြန်ပြီးတော့ ခေါ်ထုတ်ပေးတာပါ။” ဟု မြိတ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက် ည ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က သက်နိုင်ထွေး (ခ) စုစု နှင့် နိုင်ဝင်း ထွန်း တို့အပါအဝင် ၁၆ ဦး သည် မြိတ်မြို့နယ်၊ ရွှေဒူးပညာရေးကျောင်း၌ ဖွင့်လှစ်ထားသော စစ်မှု ထမ်းအပတ်စဉ် ၉ သင်တန်းကျောင်းမှ ထွက်ပြေးလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ၄ ဦး ပြန်လည် ဖမ်းဆီးခံလိုက်ရကြောင်း၊ ကျန် ၁၂ ဦးမှာ လွတ်မြောက်နေရာသို့ ရောက်ရှိနေပြီဖြစ်သော် လည်း သက်နိုင်ထွေး (ခ) စုစု နှင့် နိုင်ဝင်းထွန်းတို့သာ မြိတ်မြို့နယ် ပကဖထံသို့ မတ်လ ၆ ရက်နေ့ တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းတို့သည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့အချုပ်တွင်အချုပ်ကျခံရပြီးနောက် ကော့သောင်းမြို့သို့ ပို့ဆောင် ခံရကာ ကော့သောင်းမြို့မှ တဆင့် ခလရ ၄၃၁ တပ်ရင်းအတွင်းသို့ ပို့ဆောင်ခံရပြီး စစ်မှုထမ်းစစ်သား အဖြစ် အဓမ္မစုဆောင်းခံခဲ့ရကြောင်း၊ ခလရ ၄၃၁ တပ်ရင်းတွင် ၇ ရက်ခန့်နေခဲ့ရပြီး မြိတ်မြို့နယ်၊ ရွှေ ဒူးပညာရေးကျောင်းသို့ စက် လှေဖြင့် ထပ်မံပို့ဆောင်ကာ ရွှေဒူးပညာရေးကျောင်း၌၂ ရက်အကြာနေ ထိုင်ခဲ့ပြီးနောက် ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။

 

“စစ်ကောင်စီရဲ့ နိဂုံးနီးလာပြီဖြစ်တဲ့အတွက်ကြောင့် စစ်မှုထမ်းပါတဲ့ ရဲဘော်တွေအနေနဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေဆီကိုခိုလှုံပေးဖို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူလူထုနဲ့အတူ ပူးပေါင်းပြီးတော့ ပြည်သူ့ဘက်ကို ရပ်တည်ပေးဖို့ပဲ အဓိကတောင်းဆိုချင်တယ်။ ပြီးတော့ မြို့ကြီး၊ ရွာကြီးတွေမှာ ကျန် နေသေးတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဓားစာခံမဖြစ်ဖို့ သတိထားပြီးတော့ နေပေးဖို့ တိုက် တွန်း ချင်ပါတယ်” မြိတ်ပကဖမှ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *