ကျိုက်ထိုမြို့နယ်၊ ရန်ကုန် -မော်လမြိုင်လမ်းပိုင်းတွင် ကင်းပုန်းယူနေသည့် စစ်သားများကို တိုက်ခိုက် မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန် -မော်လမြိုင်လမ်းပိုင်းတွင်ကင်းပုန်းဝပ်နေသော အကြမ်း ဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း နဂါးဖြူစစ် ကြောင်းက ထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၆ ရက် နံနက် ၁၁ နာရီ ၂၆ မိနစ်က ရန်ကုန် -မော်လမြိုင်လမ်းမကြီးပေါ် ကျိုက်ထို -ဘီလင်းလမ်းပိုင်းတွင် ယာဉ်တန်းလုံခြုံရေး ကင်းပုန်းယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၅၅ မိနစ်အထိ ကြာမြင့်ခဲ့ပြီး စစ်တပ်မှ ၃ ပွင့်ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦးသေဆုံးကာ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နဂါးဖြူးစစ်ကြောင်း PDFအဖွဲ့၊ တပ်ရင်း 7805 တပ်ဖွဲ့ ၄ သပြေညိုစစ် ကြောင်းတို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အသက်ပေးလှူသွားခဲ့ရသော ရဲဘော် ၏ ပေးဆပ်မှုသည် ကြီးမားလွန်ပြီး တော်လှန်ရေးပြီးဆုံးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း နဂါးဖြူစစ်ကြောင်းက ထုတ်ပြန်ကာ ကတိပြုထားသည်။
Thanlwin Myanmar Media