Mandalay News

0 0
Read Time:1 Minute, 39 Second

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီထောက်တိုင်အုပ်ချုပ်ရေးမှူး ၁ ဦး၊ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၇

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူး ၁ ဦး နှင့် ပျူစောထီး ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်က ထံက သိရသည်။

 

မတ်လ ၄ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်က ညောင်ဦးမြို့နယ်၊ သူကောင်းတည်ကျေးရွာနေ အသက် ၅၇ နှစ်အရွယ် အောက်ညဉ့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းဝေကို အမည်မသိအဖွဲ့အစည်း တစ် ခုက ဆိုင်ကယ် ၃ စီးဖြင့် နေအိမ်အတွင်းဝင်ရောက်ပြီး သေနတ်အတို၊ အရှည်များဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

“ဘယ်အဖွဲ့အစည်းတွေက ဝင်ပစ်သွားတာလည်းတော့ မသိဘူး။ ၂ ဦးပစ်ခတ်ခံရပြီးသေဆုံးသွား တာ။ အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ပျူအဖွဲ့ဝင်တစ်ဦးပါ။” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

အလားတူ မတ်လ ၄ ရက် နံနက် ၁၀ နာရီခန့်ကလည်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်တိုက်နယ်၊ ဆည်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင်၊ ပျူစောထီးအဖွဲ့ဝင် အသက် ၅၉ နှစ်အရွယ် စိုးလွင်ကို အမည် မသိအဖွဲ့အစည်းတစ်ခုက နေအိမ်အတွင်းဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွား ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *