ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာ ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှု ပျူ ၂ ဦး သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၇
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာရှိ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Earthquake People’s Defence Force ထံမှ သိရသည်။
ယမန်နေ့ မတ် ၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင် ဂျစ်ပင် ကျေးရွာ၌ အင်အား ၅၀ ခန့်ဖြင့် အထိုင် တပ်စွဲကာ စစ်ဆေးရေးဂိတ်ဖွင့်ထားသည့် စစ်ကောင် စီ တပ်သားများကို စနိုက်ပါ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၂ ဦး သေ ဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Earthquake People’s Defence Force၊ Thurain TR ၊ Hunter Pakokku ၊ Six Senses Guerrilla Force ၊ Justice Revolution Force၊ Black Cheater နှင့် မြိုင် ပကဖ (ကိုနှင်း ဂွေး) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ဂျစ်ပင်ရွာ ဘုန်းကြီးကျောင်းအတွင်း အထိုင်စခန်းချထားကာ ပခုက္ကူ -ကမ္မလမ်းပေါ်တွင် ဂိတ်ဖွင့်၍ ခရီးသွားပြည်သူများကို စစ်ဆေးခြင်း၊ ဆက်ကြေးကောက်ခြင်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media