CDM News

0 0
Read Time:2 Minute, 42 Second

ရေးပြောက်ကျားတပ်ဖွဲ့ထံအလင်းဝင်လာသည့် စစ်မှုထမ်း တပ်သား ၂ ဦးအနက် ၁ ဦးက အကြမ်း ဖက် စစ်တပ်ကို ပြန်လည်တိုက်ခိုက်မည်၊အလင်းဝင်ရောက်လာပြီး စစ်ကောင်စီတပ်ကို ပြန်လည် တိုက်ခိုက်နေသူ ၂၃ ဦးအထိရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၇

 

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ရေးပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်ကာ အလင်းဝင်လာသည့် စစ်မှုထမ်း တပ်သား ၂ ဦးအနက် ၁ ဦးက အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်အသိပေးထားသည်။

 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရေးမြို့နယ် အခြေစိုက်၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း ၂ ၊ ရေး ပြောက်ကျားတပ် – YGF ထံသို့ စစ်မှုထမ်း တပ်သားများအဖြစ် အတင်းအဓမ္မ စုဆောင်းခံခဲ့ရသော တသ ဇော်ထူးနှင့် အောင်ပြည့်စုံတို့သည် ဒေသနေပြည်သူများထံ မေးမြန်းအကူအညီတောင်းခံကာ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

တသ ဇော်ထူးသည် စစ်မှုထမ်း အပတ်စဉ် ၁ ၊ ရကသ ၁ မှ သင်တန်းဆင်းများဖြစ်ပြီး အောင်ပြည့်စုံ သည် စစ်မှုထမ်း အပတ်စဉ် ၆ ဝဲကလိသင်တန်းကျောင်းမှ ဆင်းကာ ခမရ ၅၉၁ တပ်ရင်း၌ တာဝန် ထမ်းဆောင်နေသူများဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးသည် လမ်းကင်းချိန်တွင် ဒေသနေပြည်သူများကို မေးမြန်း၍ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းတို့ တပ်သား ၂ ဦးအနက် ၁ ဦးသည် ဒေါနတပ်ရင်းနှင့်ပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီကို ပြန်တိုက်သွားမည်ဖြစ်ကြောင်း၊ ဒေါနတပ်ရင်းထံ အလင်းဝင်ရောက်လာပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အနေဖြင့် တာဝန်ထမ်း ဆောင်နေသူ ပြည်သူ့ဘက်တော်သား ၂၃ ဦးရှိကြောင်း အသိ ပေးထားသည်။

 

ဒေါနတပ်ရင်းအနေဖြင့် CDMအလင်းဝင်ရောက်လာသူများကို ကောင်းမွန်စွာ လက်ခံထားရှိပြီး အ ကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်များကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံ ရသူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ နီးစပ်ရာတော်လှန် ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း အသိပေးတိုက်တွန်း ထုတ်ပြန်ထား သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *