ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် စစ်တပ်သံပြားကာကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု ဒုဗိုလ် ၁ ဦးအပါအဝင် ၁၇ ဦးသေဆုံးပြီး ယင်းကား ၂ စီးအပါအဝင် လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
မတ်လ ၆
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် စစ်တပ်သံပြားကာ ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုဗိုလ် ၁ ဦးအပါအဝင် ၁၇ ဦးသေဆုံးပြီး သံပြားကာ ကား ၂ စီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦး PDF တပ်ဖွဲ့က ထုတ်ပြန်သည်။
မတ်လ ၄ ရက် ညနေ ၃ နာရီ ၁၀ မိနစ်က မုံရွာမြို့တွင်းမှ ထွက်လာသော သံပြားကာကား ၂ စီးသည် ချောင်းဦးမြို့ကို ဖြတ်၍ မြင်းမူဘက်သို့ ဦးတည်ထွက်ခွာစဉ် မုံရွာ-မန္တလေး လမ်းတနေရာအရောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဒုဗိုလ် ၁ ဦး အပါအ ဝင် ၁၇ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် သံပြားကာကား ၂ စီး၊ MA 1 အမျိုးအစား သေနတ် ၄ လက်၊ MA 3 အမျိုးအစား သေနတ် ၁ လက်၊ MA 11 အမျိုးအစား သေနတ် ၃ လက်၊ G 3 အမျိုးအစား သေနတ် ၁ လက်၊G 1 အမျိုးအစား သေနတ် ၁ လက် ၊ 60 mm စိန်ပြောင်း ၁ လက်၊ Lala ၁ လက် နှင့် ကျည်ဘောက်မျိုးစုံ ၂၂ ဘောက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ သိမ်းဆည်းရရှိသည့် သံပြားကာ ကား ၂ စီးမှာ မောင်းနှင်မရတော့သဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း ချောင်းဦးမြို့ပေါ် စစ်ကောင်စီ အထိုင်စခန်းဖြစ်သော စိုက်ကွင်းရုံးနှင့် မြပုလဲ စစ်တပ် အထိုင်စခန်းတို့မှ ၁၂၀ မမ လက်နက်ကြီး ၁၀၆ ကြိမ်ပစ်ကူပေးခဲ့သည့်အပြင် နမခ မှ တက် လာသော အင်ဂျင်တပ်လေထီးဖြင့် ၂ ကြိမ် လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် ပူးတွဲတာဝန်ထမ်း ဆောင်လျက်ရှိသော ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ B21 တပ်ရင်း ၊ ရတ နာပုံ ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်) ၊ Three Brothers Force (ကနီ) ၊ Special Force 11 ၊ Immortal Guerrilla Force ၊ Sagaing District Drone Team (SDDT) တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး SRC (Spring Revolution Cilinic) မှ ဆေးဘက်ဆိုင်ရာ အကူ အညီပေးခြင်း၊ ရင်းမြစ် လေကြောင်းအထိုင်မှ လေကြောင်းကင်းထောက်ခြင်းတို့ ကူညီပေးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media