Read Time:1 Minute, 6 Second
ကဗျာကဏ္ဍ “ဝမ်းတွင်းရူး”
ပျိုးကြဲလက်
ကြွက်မင်းကို စာသလို့
ညာချတဲ့ လူ့ဂွစာ ။
နင့်ရုပ်မှာ တသောသောနဲ့
ရယ်မောရတာ ။
ဂျင်းထည့်တဲ့ အတတ်ပညာ
ကျွမ်းကျင်စွာ ပြိုင်ဘက်ကင်း ။
ကိုပူတင် ဘဝင်ကျအောင်
ဘောမဘိခြင်း ။
ပထွေးကို အချစ်စမ်းလို့
ဆိပ်ကမ်းနဲ့ ပူဇော် ။
ပြည့်ဘဏ္ဍာ ကိုယ့်ဟာလုပ်က
ယုတ်မာပေါ့နော် ။
စစ်ရှုံးလို့ တမျှော်တခေါ်
မသာပေါ်ရင် နင်းပြား ။
ငတ်ပြတ်ကာ သေရွာထပ်တယ်
အောက်ခြေတပ်သား ။
ပြတ်ရွှေ့မှာ သုံးခုနဲ့
ငလျင်ထု မပြတ်ပေါ် ။
နူကလီယာ စက်ရုံဆောက်မယ့်
သောက်ပိန်းတွေးခေါ် ။
ပညာရှင်တို့ စိတ်မပျော်
နင့်မြေပေါ် မရှိဘူး ။
တပါးပြည် အားကိုးက
သူ့အလို ကိုယ်လိုက်အောင်
ဆိုးမိုက်စွာ ကျွန်ဇာတ်သွင်းမယ်
ဟဲ့ဝမ်းတွင်းရူး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက် မွန်းလွဲ ၂ နာရီ ၅၉ မိနစ်
Thanlwin Myanmar Media