အထက်အရှိများ ဝါဒဖြန့်သလို တော်လှန်ရေးတပ်ဖွဲ့များက သတ်ဖြတ်ခြင်းမရှိ၍ အလင်းဝင်ကြရန် စစ်သုံ့ပန်းများက တိုက်တွန်း
သံလွင်မြန်မာသတင်း
မတ်လ ၆
စစ်ကောင်စီတပ်တွင်း၌ အရာရှိများက ဝါဒဖြန့်ထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရ၊ လက်နက်ချအလင်းဝင်ပါက တော်လှန်ရေးတပ်ဖွဲ့များက သတ်ဖြတ်သည်ဆိုခြင်းမှာ မဟုတ်မှန် သဖြင့် အလင်းဝင်ကြရန် ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှိုထံ၌ ဖမ်းခံထားရသည့် စစ်သုံ့ပန်း များက တညီညွတ်တည်းတိုက်တွန်းထားသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် တည်ရှိရာ နေရာကို အာ ရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကာ စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေးနေကြပြီး ယင်းတို့အနက် ၂၃ ဦးကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-အရှိုက ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများကို မေးထားသည့် ရုပ်သံမှတ်တမ်းအား အရှိုချင်းကာကွယ် ရေးတပ် (CDF) – အရှိုက ယနေ့ (မတ်လ ၆ ရက်) ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီတပ်သားများက ကျန် စစ်ကောင်စီတပ်သားများ အလင်းဝင်ကြရန် တိုက်တွန်းပြောဆိုထားကြခြင်းဖြစ်သည်။
စစ်ကောင်စီက ပုံစံမျိုးစုံဖြင့် အဓမ္မ စစ်သားစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း
“ဗိုလ်ကြီးတွေ အရာရှိတွေ ပြောနေသလို မင်းတို့ ဖမ်းခံထိရင် သတ်လိမ့်မယ် ဖြတ်လိမ့်မယ် ပြောသ လို မဟုတ်ဘူးလို့ သူငယ်ချင်းတွေကို ပြောချင်တယ်။” ဟု တပ်သား ကိုကိုနိုင်က ပြောကြားသည်။
စစ်သုံ့ပန်းအဖြစ်ဖမ်းခံရသူအများစုမှာ စစ်ကောင်စီ၏ ပေါ်တာဆွဲဖမ်းဆီးကာ ရက်တိုစစ်သင်တန်း ပေး၍ ရှေ့တန်းပို့ခံရသူများဖြစ်ကြောင်း၊ ဖမ်းဆီးရရှိသည့် စစ်သုံပန်းများကို CDF အရှိုက ညှင်းပမ်း နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထားရှိကြောင်း သိရသည်။
စစ်ကောင်စီ လက်အောက်မှ တပ်သားများအနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ချိတ်ဆက်၍ အ မြန်ဆုံး အလင်းဝင် ပူးပေါင်းကြရန် ထုတ်ပြန်တိုက်တွန်းထားသည်။
Thanlwin Myanmar Media