ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကန်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးပျက်စီး
သံလွင်မြန်မာသတင်း
မတ်လ ၆
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။
ယမန်နေ့ မတ်လ ၅ ရက် ည ၇ နာရီ ၄၈ မိနစ်က ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ ကန်ကျေးရွာကို အ ကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာမှတက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၅၀ အရွယ် ဦးအောင်ဖြိုးနှင့် ဇနီးဖြစ်သူ ၄၀ ခန့်ရှိ ဒေါ်ထားမြင့်တို့ ဗုံးစ ထိမှန် သေဆုံးကာ အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦး စုစုပေါင်း ပြည်သူ ၄ ဦးလည်းထိခိုက်ဒဏ်ရာ အပြင်းအ ထန်ရရှိပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထို့အပြင်ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်အပါအဝင် လူနေအိမ် ၄ လုံးမီးလောင်ပြာကျခဲ့ပြီး အနီးအနားရှိ နေအိမ် ၆ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
“ကံရွာက ရွာကြီးပါ၊ အိမ်ခြေကတော့ များတယ်၊ အရေအတွက် ဘယ်လောက်ရှိလဲတော့ မပြောတတ် ဘူး။ ရွာမှာက တိုက်ပွဲလည်းမဖြစ်ဘူး။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ရွာထဲမှာမရှိဘူး။ စခတွေ လည်းရွာမှာမရှိဘူး။ ပြည်သူတွေကို တမင်ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဘောပါ” ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညပိုင်းကလဲ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း တောင်ခင်ရန်း ကျေးရွာ ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူနေအိမ် ၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး အနီးနားရှိ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ကန်ရွာလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်များအား တွေ့ရစဉ်
Thanlwin Myanmar Media