KNU News

0 0
Read Time:2 Minute, 8 Second

လယ်ဒိုမြို့နယ်နှင့်မူးမြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အသက် ၇ နှစ် အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၆

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်နှင့် မူးမြို့နယ်အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းသို့ လေ ကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ ကြောင်း KNU ဗဟိုထံက သိရသည်။

 

မတ်လ ၁ ရက်နေ့က ကေအဲန်ယူ−လယ်ဒိုမြို့နယ်အုပ်ချုပ်နယ်မြေ၊ အင်းနက်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ၁၂၀ မမ ဗုံးသီး ၃ လုံး ကြဲချခဲ့ရာ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး နှင့် အသက် ၇၃ နှစ်အရွယ် အမျိုးသား ၁ ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၁ လုံးပျက်စီးခဲ့ပြီး နွား ၃ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၃ ရက် ည ၈ နာရီ ၂၀ မိနစ်တွင် ကေအဲန်ယူ−မူးမြို့နယ် ၊ ဟော်ခိုဝေါ်(ငထွေစုပ်) ကျေးရွာတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်၏ တောင်ငူလေတပ်မှ ဂျက်ဖိုက်တာတစ်စင်းဖြင့်

 

ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲခဲ့ရာ ပြည်သူပိုင် ဆိုင်ကယ် ၁ စီး၊ ဓာတ်ဆီ ၂ ပီပါနှင့် ရေနံဆီ ၃ ပီပါထိ မှန်မီးလောင်ပျက်စီးခဲ့သည့်အပြင် ဆား အိတ်၂၀ နှင့်ထွန်စက် ၁ ဘီး ကိုလည်း ထိမှန်ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်၊၊

Photo − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက် ပျက်စီးရမှုများ။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *