Sagaing News

0 0
Read Time:2 Minute, 9 Second

ရွှေဘိုမြို့သို့ ရိက္ခထုတ်ရန်ကားဖြင့် ထွက်လာသည့် ပျူများကို ပစ်ခတ်တိုက်ခိုက်မှု ပျူများဖရိုဖရဲ ထွက်ပြေး ၊ကျန်ခဲ့သည့်ကားကို မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

မတ်လ ၅

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ရွှေဘိုမြို့သို့ ရိက္ခာထုတ်ရန် ကားဖြင့် ထွက်လာသည့် ပျူများကို ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပျူများ ဖရိုဖရဲ ထွက်ပြေးသွားပြီး ကျန်ခဲ့သည့် ကားကို မီးရှို့ဖျက်ဆီးလိုက် ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယနေ့ မတ်လ ၅ ရက် နံနက်ပိုင်းက ရွှေဘိုမြို့နယ်၊ ပန်းရံရွာမှ ပျူကျော်ဝင်းနှင့် အပေါင်းပါများသည် ရွှေဘိုမြို့တွင်သို့ ရိက္ခာထုတ်ရန် ထွက်လာကြောင်း ကြိုတင်သတင်းရရှိသဖြင့် ရွှေဘို -ရေဦးလမ်းပေါ် ၌ ကင်းပုန်းဝပ်စောင့်ဆိုင်းကာ ဆီးကြိုပစ်ခတ်တိုက်ခိုက်စဉ် ကားပေါ်လိုက်ပါလာသော ပျူများ အထိ အခိုက်များစွာဖြင့် ကစဉ့်ကလျားထွက်ပြေးသွားကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ကားမှာ စုတ်ပြတ်ပျက်စီးသွားပြီး လမ်းပေါ်တွင်စွန့်ပစ်ကာ ထွက်ပြေး သွားသဖြင့် မှတ်တမ်းရယူကာ ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ ပျူထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ သိရှိရခြင်းမရှိသေးသဖြင့် စုံစမ်းနေကြောင်း အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက် ရေးအဖွဲ့ (PDO) ၊ တိုက်နယ် (၅) ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း ၄ နှင့် နယ်မြေခံ ပကဖ များမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး စစ်ကောင်စီ တပ်သားများ ထောင်ထားသည့် မိုင်းနင်းမိကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *