Magway News

0 0
Read Time:1 Minute, 45 Second

ရေစကြိုမြို့ပေါ်မှ ထွက်လာသော သံပြားကာ ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၅

 

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှ ထွက်လာသော သံပြားကာ ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံမှ သိရ သည်။

 

မတ်လ ၃ ရက် ည ၁၂ နာရီခန့်က ရေစကြိုမြို့ပေါ်မှ သံပြားကာကားတစ်စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ကို ရေစကြိုမြို့အထွက် ဘက်စုံခြံကွေ့အရောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၆ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကားပေါ်ပါ စစ်သားများ အပြီးအပြတ်ချေမှုန်းရန် ကြိုးစားခဲ့သော်လည်း ခလရ ၂၅၆ တပ်ရင်း အတွင်းထဲသို့ အရှိန်ဖြင့် မောင်းနှင်ပြေးသွားသောကြောင့် ချေမှုန်းနိုင်ခြင်းမရှိခဲ့သလို လက်နက်များ လည်း ရယူနိုင်ခဲ့ခြင်းမရှိကြောင်း အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ နှင့် ပခုက္ကူခရိုင်အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ပေါင် ကျည် ထိဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *