ဆိပ်ဖြူ ကပစ ၂၂ မှ တက်လာသည့် စစ်တပ် လေထီးမောင်းသူများကို ပစ်ချမှု ၁ ဦး ပေါင်ထိမှန် ဒဏ်ရာရ (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၅
မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၂ မှ တက်လာသော စက်တပ်လေထီး (Paramotor) များကို ပစ်ချခဲ့ရာ မောင်းနှင်သူ စစ်သား ၁ ဦး ပေါင်ထိမှန်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင် ပကဖ မှ ထုတ်ပြန်သည်။
ယနေ့ မတ်လ ၅ ရက် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ဆိပ်ဖြူမြိုနယ် ကပစ – ၂၂ မှ တက်လာ၍ တော် လှန်ရေးတပ်ဖွဲများနှင့် ပြည်သူများအား ဒုက္ခပေးရန် ပျံသန်းလာသော Paramotor ၂ စီးကို ပစ်ချခဲ့ရာ Paramotor မောင်းသူ စစ်သား ၁ ဦး ပေါင်တွင် ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိသွားကာ ပေါင်မှ ဖြတ်တောက်ရမည်ဖြစ်ကြောင်း သိရသည်။
Paramotor ၂ စီးအား ပစ်ခတ်ပြီးသည်နှင့် တပြိုင်တည်း ၁ စီးက စက်လက်များဖြင့် ပြန်လည်ပ စ်ခတ်နေပြီး ကျန် ၁ စီးမှ ကင်းထောက်သည့် ပုံစံဖြင့် ပျံဝဲနေကာ ဆက်လက်ပျံသန်းခြင်းမရှိတော့ ကပစ၂၂ အတွင်းသို့ ပြန်လည်ဆင်းသက်သွားကြောင်း သိရသည်။
အဆိုပါ ပစ်ချမှုကို (မြိုင်၊ပေါက်၊ကမ္မ) ပကဖ စုဖွဲ့မှုတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအား အသိ ၊ သတိရှိရှိဖြင့် နေထိုင် ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media