CDM News

0 0
Read Time:4 Minute, 57 Second

အောင်ဇေယျစစ်ကြောင်းမှ လက်နက်ခဲယမ်းများနှင့်အလင်းဝင်လာသူ တကက အောင်ကိုဝင်းက စကစကို ပြန်တိုက်မည် ဟု ပြောဆို (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၅

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အောင်ဇေယျစစ်ကြောင်းရှေ့တန်းစစ်မျက်နှာမှ လက် နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသူ တကက အောင်ကိုဝင်းက စစ်ကောင်စီကို ပြန် လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။

 

တကက အောင်ကိုဝင်းသည် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံ ခလရ ၉၄ တပ် ရင်းမှ ဖြစ်ပြီး အောင်ဇေယျစစ်ဆင်ရေးအတွင်း တပည့် ၃ ဦးနှင့်အတူ လက်နက်ခဲယမ်းများ ယူ ဆောင် ထွက်ပြေးလာကာ KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။

မေး = အမည်၊ ရာထူး၊ တာဝန်

 

ဖြေ = တကက အောင်ကိုဝင်းပါ၊ ရွှေညောင် ခလရ ၉၄

 

မေး = ဘယ်နေရာ၊ ဘယ်အကြောင်းကြောင့် ဘယ်တပ်ကနေအလင်းဝင်လာတာလဲ။

 

ဖြေ = အလင်းလာဝင်တာက ဒီ ၁၀ ကုန်းအနောက်ဘက်က မြေဖြူကုန်းပေါ့၊ မြေဖြူကုန်းကနေမှ ဒီဘက်ကို တက်ပြီး အလင်းဝင်တာပါ။ အောင်ဇေယျစစ်ကြောင်းကနေပြီးတော့ ဒီဘက်ကို အလင်း လာဝင်တာပါ၊ အလင်းလာဝင်ရတဲ့ကိစ္စကတော့ ဒီ‌ေ-‌ေ-က-ာ-င်တွေရဲ့ဖိနှိပ်မှုအောက်မှာ မခံနိုင် တော့လို့ လက်နက်တွေယူပြီးတော့ အလင်းဝင်ခြင်းဖြစ်ပါတယ်၊ ကျနော်နဲ့အတူ ရဲဘော် ၃ ယောက်ပါ ပါတယ်။ သူတို့ထဲမှာ တစ်ယောက်ကတော့ လက်နက်မပါဘူး။ နှစ်ယောက်ကတော့ MA3 ၂ လက်ပါ ပါတယ်။ ကျနော်ကတော့ MAS စတင်းနဲ့ပါ။

 

မေး = ဘာကြောင့် စကစကို လက်နက်ကိုင်ပြီး ပြန်တော်လှန်ဖို့ ဆန္ဒရှိလဲ။

 

ဖြေ = သူတို့က အာဏာရူး ရူးနေပြီးတော့မှ ဖိနှိပ်ထားတဲ့ ဒဏ်ကြီးကို ကျနော်တို့က မခံနိုင်တော့လို့ ဒီ‌ေ–က-ာ-င်တွေကို ပြန်တိုက်တော့မယ်လို့ စိတ်ကူးထားတာပါ၊

 

မေး = စကစ လက်အောက်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်တွေက လက်ရှိအခြေအနေ ဘယ် လောက်အထိ ယိုယွင်းပျက်စီးနေပြီလဲ။

 

ဖြေ = ၃ ချိုး ၂ ချိုးလောက်ကတော့ လုံးဝစစ်မတိုက်တော့ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးတော့ တော်တော် များ များရှိတယ်။ ဒီကောင်တွေနဲ့လက်တွဲမတိုက်ချင်တော့ဘူးဆိုတဲ့ လူဦးရေကတော်တော်များ တယ်။ သူတို့လည်း ကိုယ်လွတ်ရုန်းချင်တယ်ပေါ့၊ ကိုယ်လွတ်ရုန်းလို့ မရလို့သာနေနေကြရတာ။ ဖိနှိပ် မှုတွေခံပြီးတော့။ တချို့ဆိုရင်လည်း ဒီစစ်ဆင်ရေးပြီးသွားလို့ရှိရင် နောက်တန်းမှာမနေတော့ ဘူး၊ ပြေးမယ်ဆိုတဲ့သူတွေလည်းရှိတယ်။

 

မေး = KNLA ထံ အလင်းဝင်ရင် ဘယ်လိုဖြစ်မယ်လို့ ဝါဒဖြန့်ထားလဲ။

 

ဖြေ = သူတို့တပ်ရင်းမှူးတွေကတော့ ခြောက်လှန့်ထားတာပေါ့၊ ဟိုဘက်ကို သွားပေါင်းလည်း အရှင် ထားမှာမဟုတ်ဘူး ။ တခါတည်းသတ်ပစ်မှာပဲ ဆိုတဲ့ခြိမ်းခြောက်မှုမျိုးတွေပေါ့၊ လူတိုင်းလိုလိုက အဲ လိုခြိမ်းခြောက်ထားတာ။ ခေါင်းဆောင်ပိုင်းတွေ အခြားအဆင့်တွေကို ဖိနှိပ်ထားတာ။ တချို့လည်း ဆင်းချင်ပါလျက်နဲ့ မဆင်းရဲဘူးဖြစ်နေတာပေါ့။

 

မေး = KNLA နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအပေါ် ဘယ်လိုမြင်လဲ။

 

ဖြေ = ဒီဘက်ကို ရောက်လာတာ အေးလည်းအေးချမ်းပါတယ်။ လုံလုံခြုံခြုံလည်းနေရတယ် ဆို တော့။ အစောဆုံးရင် ပိုကောင်းတယ်ပေါ့။ ပိုပြီးတော့ အဆင်လည်းပြေတယ်ပေါ့၊ ဒီဘက်ကိုရောက် လာတာ။

 

မေး = KNLA ထဲရောက်လာတော့ ဘယ်လိုကြိုဆိုလဲ၊ ဘယ်လိုဆုချီးမြှင့်လဲ။

 

ဖြေ = ကျနော်တို့ ဒီကို အလင်းလာဝင်တဲ့အခါကျတော့ နွေးနွေးထွေးထွေးပဲ ကြိုဆိုပါတယ်။ ကောင်း ကောင်းမွန်မွန်နဲ့ထားပါတယ်။ လက်နက်တွေ ပါလာတဲ့အတွက် ကျနော်တို့ကို ထောက်ပံ့ငွေ လည်း ချီးမြှင့်ပေးပါတယ်။ နေရာတွေလည်း အဆင်ပြေတဲ့နေရာတွေမှာ ထားပေးပါတယ်။ ဒီဘက်ကိုရောက် လာတာ စိတ်ချမ်းလည်းသာပါတယ်၊ လက်နက်ပါတဲ့သူတွေကျတော့ သိန်း ၃၀ ၊ လက်နက်မပါတဲ့သူ တွေကျတော့ ၁ သိန်းစီ မုန့်ဖိုးပေးပါတယ်။

 

မေး = စကစထဲမှာ ကျန်နေတဲ့သူငယ်ချင်းတွေကို ဘယ်လိုသတင်းစကားပါးချင်လဲ။

 

ဖြေ = ဘယ်လိုပဲဖြစ်ဖြစ် ဒီဘက်ကို လာပြီးတော့ ပူးပေါင်းစေချင်တာပေါ့၊ ဒီအတိုင်းကြီး အသက် အသေခံနေမယ့်အစား ဒီဘက်ကိုလာပြီးတော့ ပူးပေါင်းစေချင်တာပေါ့၊ ဒီလူတွေဖိနှိပ်မှုအောက်က နေဆွဲထုတ်ချင်တာပေါ့”

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *