ရွှေပြည်သာမြို့နယ် မြို့မရဲစခန်း လုံခြုံရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိနိုင်
သံလွင်မြန်မာသတင်း
မတ်လ ၄
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် မြို့မရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ ရဲများ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame က ထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်အချိန် ရွှေပြည်သာမြို့နယ် မြို့မရဲစခန်း (ရဲတပ် ဖွဲ့မှူးရုံး) ပင်မဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့များ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“မိုင်း ၂ လုံးနဲ့ ပင်မဂိတ် အနီးဆုံး ကပ်လျက် ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဂိတ်ကင်း အစောင့် ရဲခွေးတွေ ထိခိုင်နိုင်ပါတယ်။ ထိခိုက်မှု အရေအတွက်ကိုတော့ အတည်ပြု စုံစမ်းနေဆဲပါပဲ” ဟု Operation Flame သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို Operation Flame (OF) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးပြီးဆုံးပြီး နောက် တော်လှန်ရေးအဖွဲ့သားများ အားလုံး ဘေးကင်းရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ပြ စစ်ဆင်ရေးများကို ရန်ကုန်တော်လှန်ရေး မဟာမိတ်များအားလုံးနှင့်အတူ လက်တွဲကာ ဆက်လက်၍ အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်အမြစ်ဖြတ်ရေး စစ် ဆင်ရေး အရှိန်မြင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း Operation Flame က အသိပေး ထုတ် ပြန်ထားသည်။
Thanlwin Myanmar Media