ရွှေဘို – မြစ်ကြီးနားလမ်းမပေါ်တွင် နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်နေပြီး စစ်သား ၄၀ ကျော် သေဆုံး ၊ ဖောကားတစ်စီးကို မီးရှို့ဖျက်ဆီး
သံလွင်မြန်မာသတင်း
မတ်လ ၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို -မြစ်ကြီးနားလမ်းမပေါ်တွင် နေ့စဉ်ရက် ဆက်တိုက်ပွဲဖြစ်နေပြီး စစ်သား ၄၁ ဦးသေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် ကန့် ဘလူခရိုင်အမှတ် ၄ တပ်ရင်း ထံက သိရသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက် စစ်တပ်အထိုင်စခန်းမှ အင်အား ၃၀၀ ခန့်ဖြင့် ဇီးကုန်း-မလယ်လမ်းအတိုင်း ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ ယနေ့ မတ်လ ၄ ရက်န့အထိ နေ့စဉ် ရက်ဆက်တိုက်ပွဲဖြစ်နေပြီး စစ်သား ၄၁ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
“၆၀၀၆ ကနေ ဇီးကုန်းသကြားစက်ကို စုတာ၊ ဇီးကုန်းသကြားကနေ ထွက်သွားတဲ့ စစ်ကြောင်း၊ ငှက် ပျော တိုင်း၊ ပေကြီး ခပ်အုန်းသာ ကတ္တရာ လမ်းတလျှောက်ပေါ့၊ စစ်ကြောင်းထိုးနေတာ၊ မနေ့က လည်း တိုက်ပွဲဖြစ်လိုက်သေးတယ်။ အခုချိန် အထိခွေးဘက်က သေဆုံးမှုကတော့ ၄၁ ကောင်လို့ စာရင်းရထားတယ်။ ဒီနေ့အထိ ရတဲ့စာရင်းပေါ့၊ အခုလက်ရှိအဲဒီ စခစစ်ကြောင်းက ငှက်ပျောတိုင်းနဲ့ ပေကြီးမှာ အထိုင်ချထား တယ်။ ဇီးကုန်းသကြားစက်ကနေ အရှေ့ကိုထွက်ရင် မလယ်လမ်းဆုံဆိုတာ ရောက်တယ်။ မလယ် လမ်းဆုံကနေ မြောက်ကိုသွားမယ်ဆိုရင် ကွင်းဘိုးဆိုတဲ့ စခအထိုင်စခန်းရှိ တယ်၊ အဲဒီနေ မြောက် ဘက်ကို ဆက်ထွက်ရင် ပေကြီးရွာရောက်တာ၊ ပေကြီးရွာကနေ ဆက် သွားရင် ငှက်ပျောတိုင်းရွာ ရောက်တယ်။ ငှက်ပျောတိုင်းကနေ ဆက်သွားရင်ရေအေးရွာတို့၊ စံပယ်နံ့သာတို့ပေါ့၊ ရွှေဘို -မြစ်ကြီး နားလမ်းပေါ်ပဲ၊ တိုက်ပွဲက နေ့တိုင်းရက်ဆက်ဖြစ်နေတာ၊ မနေ့ကအထိကို ဖြစ်နေတုန်းပဲ၊ ကိုယ့်ဘက်လူတွေက အထိအခိုက်မရှိပါဘူး” ဟု ရပ်ကျေး ပကဖ တာဝန်ခံ ကိုမိုးညိုက ပြောကြားသည်။
ယမန်နေ့ မတ်လ ၃ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်(ကစရ) မှ ဇီးကုန်း-မလယ်လမ်းအတိုင်း အရှေ့သို့ ထွက်လာသော စစ်သား၊ ပျူစောထီးများလိုက်ပါသည့် FAW ကား ၁ စီး နှင့် ဆယ်ပေတိုကား ၁ စီးအား နတ်တောင်ရွာ၏အရှေ့ဘက် အရောက်တွင် ကန့်ဘလူ ခရိုင် အမှတ် ၄ တပ်ရင်းနှင့် ပကဖအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီး အများအပြား ထိခိုက်သေ ဆုံးမှုရှိပြီး FAW ကား ၁ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ကန့်ဘလူရိုင်အမှတ် ၄ တပ်ရင်းက ထုတ် ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ် ရွှေဘို – မြစ်ကြီးနား ဗျူ ဟာလမ်းပေါ်ရှိ ပေကြီးရွာ၌ ယာယီ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကန့် ဘလူ ခရိုင် အမှတ် ၄ တပ်ရင်းနှင့် ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
Thanlwin Myanmar Media