Magway News

0 0
Read Time:2 Minute, 22 Second

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မီးရှို့နေမှုကြောင့် ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရ၊ ပြည်သူ တစ်သောင်း ကျော် စစ်ဘေးရှောင်နေရ

 

သံလွင်မြန်မာသတင်း

မတ်လ ၄

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်ကာ နေအိမ်များကို မီးရှို့နေမှုကြောင့် ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ ပြည်သူ တစ်သောင်း ကျော်စစ်ဘေးရှောင်နေရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

မတ်လ ၂ ရက် နံနက် ၆ နာရီခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေစွန်းကျေး အတွင်းသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်သားများက ဆင်ခြေရာကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် အခြား ကျေးရွာများ ကို စစ်တပ်က ဝင်ရောက်မီးရှို့နေမှုကြောင့် ပြည်သူ တစ်သောင်း ကျော်စစ်ဘေးရှောင်နေ ရကြောင်း သိရသည်။

“မြေစွန်းရွာသစ်ထဲမှာ ရောက်နေတဲ့ စခတွေက ဆင်ခြေရာကျေးရွာထဲလှမ်းထုတာ၊  အမျိုးသမီး တစ်ဦး သေတယ်လို့ ကြားတယ်၊ စစ်ရှောင်တွေကို စခတွေဘက် လှမ်းထုတာ၊ အဲဒီနေရာမှာ စခ တွေလည်းရှိနေသေးတော့ အတိအကျတော့ မသိရသေးဘူး။ မီးတွေလည်းရှို့နေတယ်။ ပြည်သူတွေ ရှောင်နေကြရတာ၊ ရွာ ၁၀ ကျော်လောက်ရှိတယ်။ ပြည်သူကတော့ ၁၀၀၀၀‌ ကျော်လောက်ရှိတယ်။” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

အကြမ်းဖက်စစ်သားများက မြေစွန်းရွာ၊ ရွာသစ်၊ မင်္ဂလာခြံ ကျေးရွာ ၃ ရွာကို မီးရှို့နေပြီး လက်နက် ကြီးများဖြင့်လည်း အနီးအနားကျေးရွာများကို ပစ်ခတ်နေကြောင်း ၊ လက်နက်ကြီး ထိမှန်သေဆုံး၊ နေအိမ်များ ပျက်စီးမှု၊ စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ်ဆုံးရှုံးမှုများရှိသော်လည်း စစ်တပ် စစ် ကြောင်းက ထွက်ခွာခြင်းမရှိသေးသဖြင့် အတိအကျ အတည်ပြုနိုင်ရန် ခက်ခဲနေသေးကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *