လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံနှင့်မိုးဗြဲမြို့တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက် ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး၊ ဘာသာရေးကျောင်း၊ စာသင် ကျောင်း၊ ဆေးပေးခန်းတို့အပါအဝင် ပြည်သူပိုင်အဆောက်အအုံ အလုံး ၇၀ ခန့်ပျက်စီး
သံလွင်မြန်မာသတင်း
မတ်လ ၄
ကရင်နီပြည်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံနှင့်မိုးဗြဲမြို့တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ဘာသာရေး ကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းတို့အပါအဝင် ပြည်သူပိုင်အဆောက်အအုံ အလုံး ၇၀ ခန့် ပျက်စီးခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိလွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့ တို့တွင် စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများကို ပစ်မှတ် ထား၍ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပစ် မှတ်ထားတိုက်ခိုက်မှုများကြောင့် အသက် ၁၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးသူငယ် ၁ ဦး၊ ၁၇ နှစ်အရွယ် လူငယ် ၂) ဦးနှင့် အရပ်သားပြည်သူ ၁ ဦး စုစုပေါင်း ပြည်သူ ၅ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ ဒရုန်း၊ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့တွင် ထိခိုက်မှုများခဲ့ပြီး ပြည်သူနေအိမ် ၅၀ လုံးထက်မနည်း၊ စာသင်ကျောင်း ၄ ကျောင်းနှင့် ဘာသာရေး အဆောက်အဦး ၄ ခု တို့မီးလောင်ပျက်စီးခဲ့ပြီး အခြားမြို့နယ်များတွင်လည်း ပြည်သူနေအိမ် ၈ လုံး၊ ဆေးပေးခန်း ၁ ခန်း၊ စာသင်ကျောင်း ၁ ကျောင်း နှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့ ကြောင်း သိရသည်။
“မိုးဗြဲမြို့နဲ့အနီးတဝိုက်မှာရှိတဲ့ စစ်ရှောင်တွေ၊ အထူးသဖြင့် ကျေးရွာအချို့တွေကလည်း တိုက်ပွဲဖြစ် နေတဲ့နေရာတွေ၊ တိုက်ပွဲဧရိယာနဲ့နီးတဲ့နေရာတွေကို ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့နဲ့ နယ်မြေ ခံ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပေးဖို့ တိုက်တွန်းချင်ပါတယ်။ စစ် ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့အတွက် လုံခြုံ ရေးအသိ၊ လုံခြုံရေးသတိရှိကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Thanlwin Myanmar Media