KNDF News

0 0
Read Time:4 Minute, 51 Second

မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာသော စစ်သားများကို ခုခံတိုက်ခိုက်မှု  စစ်သား ၁၉ ဦးထက်မနည်း သေဆုံး ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၄

 

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ထက် မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗဟို နှင့် မိုးဗြဲ PDF ထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က မိုးဗြဲ -လွိုင်ကော်လမ်းပိုင်း ထိန်းချုပ်နိုင်ရေးအတွက် အကြမ်း ဖက်စစ်သား အင်အား အများအပြား ဖြည့်တင်းကာ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို အမှတ် ၁၀၀၁ – မိုးဗြဲပြည်သူ့ကာကွယ်တပ်နှင့် မဟာမိတ်ပူပေါင်းတပ်တို့မှ တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း ၁၂ လောင်းနှင့် လက်နက်ခဲ ယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုးဗြဲမြို့၊ ကသလစ်စေတမန်ကျောင်း၌ တပ်စွဲထားသော စစ်ကောာင်စီ တပ်သားများကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင် စီတပ်သား ၇ ဦး သေဆုံးကာ ဒဏ်ရာ အများအပြား ရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သား များထံမှ လက် နက်ကြီး၊ လက်နက်ငယ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထောက်ပို့ လေယာဥ်ဖြင့် ဗုံးသီးကျဲချခြင်း၊ ဒရုန်းများဖြင့် ဒရော့ဗုံးချခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း စသည် တို့ကို တစ်နေကုန်နီးပါး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

“မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက အပြင်းအထန် ကြိုးစားနေပါတယ်။ သူတို့အတွ်က ထောက်ပို့လမ်းကြောင်းအရ အတော်အရေးပါတဲ့ လမ်းဆုံမြို့တစ်ခုလည်းဖြစ်တယ်၊ ဒီးမော့ဆိုဘက်ကိုလည်းထောက်ပို့လမ်းကြောင်းတွေ ဖောက်လို့ရသလို လွိုင်ကော် -မိုးဗြ- ဖယ်လုံ လမ်းကြောင်းကိုလည်း ထိန်းချုပ်လို့ရတဲ့အနေအထားမျိုးဖြစ်တဲ့အတွက် စစ်ကောင်စီက မိုးဗြဲမြို့ကို အပြင်းအထန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီက မိုးဗြဲမြို့ကို ထိန်းချုပ်မှုရရှိသွားပြီ ဆို ရင်တော့ ဒီးမော့ဆိုတို့၊ လွိုင်ကော်တို့ကို စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှု ပိုပြီးတော့ခံရနိုင်ဖွယ်ရှိတဲ့ အ တွက် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း အပြင်းအထန် ခုခံတိုက်ခိုက်နေရခြင်းပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ဖေဖော်ဝါရီလ ၁ လအတွင်း ကရင်နီပြည်နယ်၊ ဖားဆောင်း၊ ဘောလခဲနှင့် လွိုင်ကော်မြို့နယ်တို့တွင် တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ မိုးဗြဲမြို့တွင်လည်း စစ်ကောင်စီမှမြို့အား ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက်ထိုးစစ်ဆင်ခဲ့သဖြင့် တစ်လတာလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး KNDF မှ ရဲဘော် ၅ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။

 

ဖေဖော်ဝါရီလအတွင်း KNDF ထံ ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီတပ်သား လက်နက်ပါ ၅ ဦး နှင့် လက်နက်မဲ့ ၂ ဦး စုစုပေါင်း ၇ ဦးရှိပြီး၊ ရှေ့တန်းစစ်မြေပြင်တွင် ဦးတည်ရာမဲ့ထွက်ပြေးသော တပ် ပြေး ၈ ဦးတို့ကိုလည်း ဖမ်းဆီးကာ ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းထားကြောင်း အသိပေးထားသည်။

အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်တို့မှ မိုးဗြဲမြို့အား စစ် ကောင်စီ၏ လက်အောက်မကျရောက်ရေးအတွက် အပြင်းအထန်ခုခံလျက်ရှိပြီး ယခုလက်ရှိ အခြေအနေအရ မိုးဗြဲမြို့အား ထိန်းချုပ်ထားဆဲဖြစ်ကြောင်း မိုးဗြဲ PDF တပ်ဖွဲ့မှ အသိပေးထုတ်ပြန် ထားသည်။

 

တိုက်ပွဲချိန်ကြာလာသည်နှင့်အမျှ စစ်ရေးလိုအပ်ချက်များလာသည့်အတွက် ပြည်တွင်းပြည်ပမှ တော် လှန်ညီကိုများအား တစ်ထောင်တစ်နေရာမှကူညီပံ့ပိုးပေးကြပါရန် မိုးဗြဲပြည်သူကာကွယ်ရေးတပ်မှ အကူညီတောင်းခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *