CDM News

0 0
Read Time:2 Minute, 36 Second

ဖေဖော်ဝါရီလ၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သား၊ ရဲ ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ ၊ လက်နက်မျိုးစုံ ၄၄ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၄

 

ဖေဖော်ဝါရီလအတွင်း အရာရှိအဆင့် ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပြီး လက်နက်မျိုးစုံ ၄၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင် အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း များ၊ ပကဖများကို ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုံခဲ့သူ စစ်ကောင်စီတပ်မှ အရာရှိ အဆင့် ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၆၄ ဦးရှိကြောင်း၊ ၎င်းတို့ လက်နက်နှင့်တကွ ခိုလှုံလာ သူ ၄၅ ဦး ရှိကြောင်း သိရသည်။

ပြည်သူ့ရင်ခွင်ခိုလှုံဝင်ရောက်လာသူများမှာ ဗိုလ်မှူး ၁ ဦး၊ ရဲတပ်ကြပ် ၁ ဦး၊ စစ်တပ်မှ ဒုတပ်ကြပ် ၂ ဦး ၊ ရဲတပ်ဖွဲ့မှ ရဲဒုတပ်ကြပ် ၂ ဦး၊ စစ်တပ်မှ တပ်သား ၂ ဦး၊ ရဲတပ်ဖွဲ့မှ ရဲတပ်သား ၂ ဦး၊ စစ်မှုထမ်း တပ်သား ၃ ဦး၊ ပျူစောထီး ၁၅ ဦး နှင့် SNA ၅ ဦး တို့ဖြစ်ကြောင်း သိရသည်။

 

ထို့သို့ ပြည်သူ့ရင်ခွင် ခိုလှုံဝင်ရောက်လာသူများ အနက် လက်နက်ယူဆောင်လာသူများကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ် ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် လက်နက်မျိုးစုံ ၄၄ လက်၊ ခဲယမ်း မီးကျောက်များ ရရှိခဲ့ ကြောင်း သိရသည်။

 

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စု ဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ ရင် ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်း သား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက် တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *