ယင်းမာပင်မြို့နယ်တွင် စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင် ၊ တစ်ဦးလျှင်ငွေ သိန်း ၃၀ စီချီးမြှင့် ၊ ပခုက္ကူ တပ်မ ၁၀၁ မှ စစ်မှုထမ်းတပ်သား ၂ ဦးထပ်မံအလင်းဝင်
သံလွင်မြန်မာသတင်း
မတ်လ ၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၃ ဦးလက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ခဲ့ရာ တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီချီးမြှင့်ပေးခဲ့ကြောင်း ယင်းမာပင် မြို့ နယ် ပကဖ (လက်ရုံးတပ်) ULF စစ်ကြောင်းထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးကာ စစ်မှုထမ်း သင်တန်းဆင်းခဲ့သူ လူငယ် ၃ ဦးသည် MA1 အမျိုးအစား သေနတ် ၃ လက်၊ ကျည်ဘောက် ၅ ဘောက် ၊ ကျည်ဆံ အတောင့် ၃၀၀ ကျော် နှင့်အတူ ယင်းမာပင်မြို့နယ်ပကဖ (လက်ရုံးတပ်) ULF စစ်ကြောင်း ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၃ ဦးကို ULF စစ်ကြောင်းမှ ကောင်းမွန်စွာ လက်ခံ ကြိုဆိုခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အတွင်းမှ ပြည်သူ့ထံအလင်းဝင် ရောက်လိုသူများစွာရှိနေပြီး ထပ်မံ၍ အလင်းဝင်ရောက်လာမည့်သူများကိုလည်း နွေးထွေးစွာကြိုဆိုလျက်ရှိကြောင်း အသိပေးထားသည်။
အလားတူ ယနေ့ မတ်လ ၄ ရက် နံနက် ၄ နာရီ ၃၀ မိနစ်က ပခုက္ကူမြို့ တပ်မ ၁၀၁ ဌာနချုပ်မှ စစ်မှု ထမ်း တသ ချစ်ဆန်းနိုင်နှင့် ချစ်ကိုတို့သည် စစ်တပ်အတွင်းမှ ထွက်ပြေးလာပြီး PDF တပ်ဖွဲ့ထံ ဆက် သွယ် ကာ ခိုလှုံလာခဲ့သဖြင့် Burma Revolution Rangers တပ်ဖွဲ့ဝင်များမှ ကယ်ထုတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးသည် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေဖြင့် ပေါ်တာဆွဲဖမ်းဆီးခံရာ စစ်မှု ထမ်းသင်တန်းသို့ ပို့ဆောင်ခံခဲ့ရပြီးနောက် မိတ္ထိလာမြို့ဘက်မှ ပခုက္ကူတပ်မ ၁၀၁ သို့ ပို့ဆောင်ခံ ခဲ့ရသူများဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက လူငယ်များကို အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေသောကြောင့် မိဘပြည်သူများ အနေဖြင့် အသွားအလာ ဂရုစိုက်နေထိုင်ပေးကြပါရန်နှင့် စစ်မှုထမ်းတပ်သားအဖြစ် ဖမ်းဆီးခံရပါက Burma Revolution Rangers တပ်ဖွဲ့ထံတွင် ဖြစ်စေ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံတွင် ဖြစ်စေ ဆက်သွယ်ပြီး အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းနိုးဆော်ထားသည်။
ထို့အပြင် စစ်ကောင်စီ တပ်သားများနှင်ပျူများအနေဖြင့်လည်း စစ်ရှုံးကောင်စီ၏ လက်အောက်တွင် အသက်အသေမခံပဲ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ခိုလုံကြရန် ဆက်လက် တိုက် တွန်းထားသည်။
Thanlwin Myanmar Media