တံတားဦး၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ် ၃ ခုတွင် ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ကျော် သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၃
မန္တလေးတိုင်း၊ တံတားဦး၊ နွားထိုးကြီးနှင့် မြင်းခြံမြို့နယ် ၃ ခုတွင် ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့က ထုတ် ပြန်သည်။
ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၁၅ မိနစ်အထိ တံတားဦးမြို့နယ် ၊ မြိုင်သာ ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၁၀ တပ် ရင်း၊ တံတားဦး (ပကဖ)တို့ ပူးပေါင်းတပ်ဖွဲများကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၄ နာရီမှ ၆ နာရီ ၄၅ မိနစ်ထိ နွားထိုးကြီးမြို့နယ် ၊ သာစည် လေးကျေးရွာနှင့် မျက်ရှုကျေးရွာ အနီးတဝိုက် တို့တွင် စစ်ကောင်စီတပ်နှင့် မြင်းခြံခရိုင်အမှတ် ၄ တပ် ရင်း၊ အမှတ် -၁၀ တပ်ရင်း ၊ တံတားဦး (ပကဖ) တို့ ပူးပေါင်းတပ်ဖွဲ့တို့ကြား ထပ်မံထိတွေ တိုက်ပွဲဖြစ် ခဲ့ပြီး စစ်ကောင်စီတပ်သားများ အထိနာသဖြင့် Mi – 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက် ညနေ ၄ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၁၅ မိနစ်အထိ နွားထိုးကြီးမြို့နယ် ၊ မျက်ရှု ကျေးရွာ အနီးတွင် စစ်တပ်စစ်ကြောင်းနှင့် မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊မြင်းခြံခရိုင်အမှတ် ၁၀ တပ်ရင်း၊ တံတားဦး (ပကဖ) တို့ပူးပေါင်းတပ်ဖွဲ့ကြား ထပ်မံ တိုက်ပွဲဖြစ်ခဲ့ရာ အထိနာနေသော စစ် တပ်က နွားထိုးကြီးမြို့နယ် ၊ သာစည်လေးကျေးရွာ နှင့် မျက်ရှုကျေးရွာတို့ရှိ ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မတ်လ ၁ ရက် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ မြင်းခြံမြို့နယ် ၊ ကျောက်ကန်ကျေးရွာအနီးသို့ ရောက်ရှိလာသော စစ်တပ်စစ်ကြောင်းနှင့် မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း ၊ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာ အထိနာသော စစ်တပ်က Jet Fighter ဖြင့် ၂ ကြိမ် ၊ Mi – 35 ဖြင့် ၄ ကြိမ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ၄ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်းသေဆုံးပြီး ၈ ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ကာ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။