ပခုက္ကူမြို့ပေါ်ရှိ KTV ဆိုင်တွင် မူးနေသော စစ်ဗိုလ်ထံမှ ခဲယမ်းများယူဆောင်ထွက်ပြေးလာပြီး PDF ထံ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားသစ် ၂ ဦးကို ကယ်ထုတ်
သံလွင်မြန်မာသတင်း
မတ်လ ၃
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ KTV ဆိုင်တွင် မူးနေသည့် စစ်ဗိုလ်ထံမှ ခဲယမ်းများယူဆောင်ထွက် ပြေးလာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားသစ် ၂ ဦးကို ကယ်ထုတ်ထား ကြောင်း Burna Revolution Rangers တပ်ဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ စစ်ဗိုလ် ၁ ဦးသည် စစ်မှုထမ်း တပ် သားသစ်များဖြစ်သည် ပိုင်သူထွန်းနှင့် ဘိုရဲတို့ကို ခေါ်ဆောင်ကာ KTV ဆိုင်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
KTV ဆိုင်တွင် စစ်ဗိုလ်ဖြစ်သူ မူးနေချိန် စစ်မှုထမ်းတပ်သား သစ် ၂ ဦးက 5.56 ကျည် အတောင့် ၁၀၀၊ လက်ပစ်ဗုံး ၂ လုံး၊ MA ကျည်ဘောက် ၃ ဘောက် ၊နင်းမိုင်း အသေးတစ်လုံးတို့ကိုယူဆောင်ကာ ထွက် ပြေးလာကြောင်း သိရသည်။
ထိုသို့ ထွက်ပြေးလာပြီးနောက် PDF တပ်ဖွဲ့ထံဆက်သွယ်လာခဲ့ရာ ယင်းတပ်ဖွဲ့မှတဆင့် ပူး ပေါင်းမဟာမိတ် တပ်ဖွဲ့ဖြစ်သည့် Burma Revolution Rangers တပ်ဖွဲ့အား ဆက်သွယ် အကူ ညီတောင်းခံသဖြင့် သွားရောက်ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း Burma Revolution Rangers တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media