CDM News

0 0
Read Time:2 Minute, 10 Second

ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်း များယူဆောင်ပြီး အလင်းဝင်

 

သံလွင်မြန်မာသတင်း

မတ်လ ၃

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ​ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမ၊ အမှတ် ၂၀၃၆ လေကြောင်းရန် ကာကွယ်ရေး တပ်မှ စစ်ကောင်စီတပ်သား ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ခဲ့ ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းထံက သိရသည်။

 

ယမန်နေ့ မတ်လ ၂ ရက်နေ့က ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမ၊ အမှတ် ၂၀၃၆ လေကြောင်းရန် ကာကွယ် ရေးတပ်မှ ဒုတပ်ကြပ်တစ်ဦးသည် MA-1 အမျိုးအစား သေနတ် ၁ လက် ၊ ၅.၅၆ ကျည် ၂၇၅ တောင့်၊ ၉ မမ ကျည် ၁၄၄ တောင့်၊ ကျည်ဘောက် ၂ ခု၊ ဆိုင်ကယ် ၁ စီးနှင့် အတူ သည် အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယခုကဲ့သို့ ပြည်သူ့ရင်ခွင်ခိုလှုံပြီးအလင်းဝင်လာရောက်ပူးပေါင်း ခဲ့သော စစ်ကောင်စီတပ်သား ဒုတပ် ကြပ်အား ယူဆောင်လာခဲ့သော လက်နက်ခဲယမ်းများအပေါ်မူတည်ကာ ထိုက်ထိုက် တန်တန် ဆုချီး မြှင့်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

 

အကြမ်းဖက်စစ်ကောင်စီ လက်အောက်၌ တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ၊ ရဲ တပ်ဖွဲ့ ဝင်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်း ဥပဒေအရ အတင်းအကြပ် စစ် မှုထမ်းနေရသော သူများအပါအဝင် စကစ အလိုကျ အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်နေကြ သူ များအနေဖြင့် ပြည်သူ့မျက်နှာ၊ ပြည်သူ့နှလုံးသားကိုရှေးရှု၍ ပြည်သူ့အလိုကျ ပြည်သူ့ဘက်ကို အမြန်ဆုံးရပ်တည်ပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံ၍ ယခုချက်ချင်းအလင်းဝင်ရောက်ကြပါရန် တိုက်တွန်း ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *