Tanintharyi News

0 0
Read Time:1 Minute, 51 Second

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာဘက်သို့ စစ်ကူသွားမည့်စစ်ကြောင်းအား ဖြတ်တိုက်

 

သံလွင်မြန်မာသတင်း

မတ်လ ၂

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာဘက်သို့ စစ်ကူသွားမည့်စစ်ကြောင်းအား ဖြတ်‌ တောက်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်က တနင်္သာရီမြို့မှ သိန်ခွန်းရွာဘက်သို့ စစ်ကူသွားမည့် စစ် ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ သမုတ်ချုံကျေးရွာအနီးတွင် ကြားဖြတ်၍ ထိပ်တိုက်ရင်ဆိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အသေးစိပ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်များထံမှ ကျန်ရစ်ခဲ့သည့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၂ နှင့် တနင်္သာရီမြို့နယ်ပကဖ ဇုန် ၄ တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

 

တနင်္သာရီမြို့နယ်အတွင်းတွင် စစ်ရေးအခြေအနေ တင်းမာနေသောကြောင့် ဒေသနေ မိဘပြည်သူ များ၊ ခရီးသွားမိဘပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန်မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *