Mandalay News

0 0
Read Time:2 Minute, 46 Second

ညောင်ဦးမြို့နယ်အတွင်းရှိ လူငယ် ၇၂၂ ဦးကို စစ်တပ်က စာရင်းအတိအကျပြုစုထားပြီး ယင်းလူငယ် များအနေဖြင့် စစ်ကောင်စီ၏မတရားပြုလုပ်မှုကို လက်မခံပဲ တော်လှန်တိုက်ခိုက်ကြရန် တိုက်တွန်း

 

သံလွင်မြန်မာသတင်း

မတ်လ ၂

 

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ စစ်မှုထမ်း လူငယ် ၇၂၂ ဦး၏ အချက် အ လက် အတိအကျကို စာရင်းပြုထားပြီး ယင်းလူငယ်များအနေဖြင့် စစ်ကောင်စီ၏ မတရားပြုမှုကို ခေါင်းငုံမခံပဲ တော်လှန်တိုက်ခိုက်ကြရန် People’s Democratic Army – PDA တပ်ဖွဲ့မှ ထုတ်ပြန် တိုက်တွန်း ထားသည်။

 

ညောင်ဦးမြို့နယ်အတွင်းနေ စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်စာရင်းကို အ ကြမ်း ဖက်စစ်ကောင် စီ၏ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အသေးစိတ်အချက် အ လက်များဖြင့် စာရင်း ပြုစုထားသည်ကို ပြည်သူ့ ဒီမိုကရက်တစ်တပ်တော်၏ စစ်ရေးလှုပ်ရှားမှု တခု အတွင်းမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ထိုသို့ စစ်ကောင်စီထံမှ ရရှိထားသည့် စစ်မှုထမ်း လူငယ်များ စာရင်း ကို ညောင်ဦးမြို့ရှိ ပြည်သူလူထုအပေါင်း သိရှိစေရန်အတွက် ထုတ်ပြန်ပေးရခြင်းဖြစ်ကြောင်း အသိ ပေးထားသည်။

“ထွေအုပ်ကနေ ပြုစုထားတဲ့စာရင်းတွေပါ၊ စာရင်းထဲပါတဲ့သူတွေ ဖမ်းခံရသူရှိပြီလား၊ ပါသွားတဲ့သူ ရှိပြီလားတော့ အသေးစိပ် မစိစစ်ရသေးဘူး။ အခုပြုစုထားတဲ့သူတွေက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ လူငယ်တွေပါပဲ။ လူငယ်တွေအနေနဲ့ စစ်ကောင်စီရဲ့ မတရားပြုသမျှကို ခေါင်းငုံ့မခံပဲ လက်နက်စွဲကိုင်တော်လှန်ကြရုံမှ တပါး အခြားရွေးချယ်စရာနည်းလမ်းမရှိတော့ပါဘူး။ ဒါကို လူငယ် တွေသဘောပေါက်ဖို့လိုပါတယ်။ ဒါကြေင့် လူငယ်တွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံး ပူးပေါင်းပါဝင်ကြပါ၊ စစ်ကောင်စီကို အမြစ်ချေမှုန်းကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု  People’s Democratic Army – PDA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယခုထုတ်ပြန်ထားသည့် စာရင်းပါ လူငယ်များအနေဖြင့် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများအား အမြန်ဆုံးဆက်သွယ် ရှောင်ရှား ကြရန်နှင့် People’s Democratic Army – PDA တပ်ဖွဲ့အနေဖြင့် လည်း ကူညီပေးနိုင်ရန် အမြဲ အဆင်သင့်ရှိနေကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *