လွိုင်ကော်မြို့၊ မြကလပ်တောင်ပေါ်၌ တပ်စွဲထားသော စစ်တပ်စခန်းကို ခက်ခက်ခဲတက်ရောက်ရှင်း လင်း (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၅
ကရင်နီပြည်၏ မြို့တော်၊ လွိုင်ကော်မြို့ရှိ မြကလပ်တောင်ပေါ်၌ တပ်စွဲထားသော စစ်တပ်စခန်းကို ခက်ခက်ခဲခဲ တက်ရောက်ရှင်းလင်းခဲ့ရကြောင်း KNDF တပ်ရင်း ၁၅ က Video ဖြင့် ထုတ်ပြန်ထား သည်။
ယခု Video မှတ်တမ်းသည် လွိုင်ကော်မြို့၊ မြကလပ်စေတီတော် တောင်ပေါ်တွင် တပ်စခန်းချထား သော အကြမ်းဖက်စစ်ကောင်စီကို ခက်ခဲခက်ခဲ တက်ရောက်ချေမှုန်းနေခြင်းဖြစ်ကြောင်း၊ ထို့သို့ ရှင်းလင်းမှုများကို မှတ်တမ်းယူရန် Gopro သည် အလွန် အရေးပါကြောင်း အသိပေးထားသည်။
“ဒီတော်လှန်ရေးကာလ အတွင်း ရဲဘော်ရဲဘက်တွေရဲ့ နေ့စဥ်ဘဝ လှုပ်ရှား ဖြတ်သန်းမှုတွေကို မှတ် တမ်းယူတဲ့ထဲမှာမှ ရှေ့တန်း မြေပြင် မှတ်တမ်းယူခြင်းဟာ အထူးအရေးပါတဲ့ အရာဖြစ်ပါတယ်။
ရှေ့တန်း မြေပြင်မှာ မှတ်တမ်းရိုက်ကူးရယူဖို့က တခြားသော Digital Camera,Phone camera တွေနဲ့က လုံးဝကို အဆင်မပြေတာပါ။ရှေ့တန်းမှာ အပီအပြင်ကြုံးနေတာတွေ၊ စစ်ဆင်ရေးအတွင်း ခက်ခက်ခဲခဲ ဖြတ်သန်းရတာတွေနဲ့ တချို့ ဝမ်းနည်းစရာ၊ ကြည်နူး စရာ မှတ်တမ်း တွေယူဖို့ဆိုရင် Gopro လို ခေါင်းမှာတပ်ပြီး မှတ်တမ်းယူရတာက အများကြီး ထိရောက် မှု ရှိစေပါတယ်။” ဟု KNDF တပ်ရင်း ၁၅ က ပြောဆိုသည်။
KNDF တပ်ရင်း ၁၅ တွင် Gopro ၂ လုံး အရေးပေါ် လိုအပ်လျက်ရှိကြောင်း၊ လက်ရှိ သုံးရ အဆင်ပြေ သည့် Gopro သည် မြန်မာငွေ ၁၃ သိန်း ဝန်းကျင်တန်ဖိုးရှိပြီး မိဘပြည်သူများအနေဖြင့် ပါဝင် ကူညီ ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
ဗီဒီယို၊ဓာတ်ပုံ မှတ်တမ်းများသည် လိမ်လည်၍ မရသည့် အမှန်တရားများဖြစ်ပြီး တစ်နေ့တစ်ချိန် တွင် လူငယ်များလျှောက်လှမ်းခဲ့ကြသည့် နွေဦးတော်လှန်ရေး သမိုင်းမှတ်တမ်းများအဖြစ် ထင်ကျန် ရစ်စေမည်ဖြစ်ကြောင်း KNDF တပ်ရင်း ၁၅ က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media