CDM News

0 0
Read Time:2 Minute, 16 Second

ဘောလခဲအခြေစိုက်ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်းစစ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင် ပြီး အလင်းဝင်

 

သံလွင်မြန်မာသတင်း

မတ်လ ၂

 

ကရင်နီပြည်၊ ဘောလခဲမြို့အခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်းစစ်သား ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်ကာ အလင်းဝင်ခဲ့ကြောင်း လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၁ ရက် နေ့က ဘောလခဲမြို့ခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်ခံ ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်းစစ်သား ၁ ဦးသည် MA -1 အမျိုးအစား သေနတ် ၁ လက် ၊ ခဲယမ်း ၊ ကျည်ဘောက်တို့နှင့် အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလင်းဝင်ရောက်ခဲ့သည့် စစ်သားသည် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ် ပြန်ပြီး မကြာမီ ရှောင်တခင် ဖမ်းဆီးခံခဲ့ရကာ အတင်းအဓမ္မလူသစ်စုဆောင်းခံရသူဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၄ သင်တန်းကို တက်ရောက်ခဲ့ရသူဖြစ်ကြောင်း၊ စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် ဘော လခဲမြို့သို့ ပို့ဆောင်ခံရသူဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ် ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် အလင်းဝင်ရောက်ခိုလှုံလာသော တပ်သားကို  နွေးထွေးစွာကြိုဆို၍ လုံခြုံ သောနေရာတွင် စောင့်ရှောက်ပေးထားကြောင်း၊ ၎င်း၏ဆန္ဒ အလျှောက် လွတ်လပ်စွာ ရွေးချယ်ခွင့်များကို အလေးပေး ဆောင်ရွတ်သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။

 

ပြည်သူ့ထံသို့ အလင်း ဝင်ရောက်ခိုလှုံပူးပေါင်းလာကြမည့် ပြည်သူစစ်မူထမ်းများ ၊ အရာရှိစစ်သည် ရဲ ဘော် ၊အောက်ခြေ ရဲဘော်များ ၊ Non CDM ဝန်ထမ်းများအား လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆို လျက်ရှိပြီး လုံခြုံစိတ်ချမှု နှင့် ၎င်းတို့၏ စိတ်ဆန္ဒကို အ‌လေးထား၍ ကာကွယ်စောက်ရှောက်သွား မည်ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *