စစ်ကိုင်းတံတား၌ ယာဉ်မောင်းနေစဉ် ပေါ်တာဆွဲပြီး စစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၁ ဦး လက်နက်ခဲယမ်းများယူ ဆောင်ပြီး အလင်းဝင်
သံလွင်မြန်မာသတင်း
မတ်လ ၂
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတံတား၌ ယာဉ်မောင်းနေစဉ် ပေါ်တာဆွဲခံရပြီး စစ်မှုထမ်း စစ်သားအဖြစ် စုဆောင်းခံရသူ စစ်သား ၁ ဦး လက်နက်ခဲယမ်းများယူဆောင်ပြီးအလင်းဝင်ခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။
ယမန်နေ့ မတ်လ ၁ ရက်နေ့က ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ၌ တာဝန်ကျနေသော စစ်မှုထမ်း စစ်သား မျိုးမင်းအောင်သည် ၎င်းကိုင်ဆောင်သော MA-1 အမျိုးအစား သေနတ် ၁ လက် ၊ MA ကျည် ၆၀ တောင့် ၊ ကျည်ဘောက် ၃ ခုတို့အတူ ထွက်ပြေးလာပြီး မြိုင်ပကဖ ၊ တပ်ရင်း၁ ၊ တပ်ခွဲ ၂ ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ထံသို့ ဆက်သွယ်ကာ အလင်းဝင် ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်ရောက်ခဲ့သူ မျိုးမင်းအောင်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း တံတား၌ ယာဉ်မောင်းနေစဉ် စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ စစ်သားများက ပေါ်တာဆွဲဖမ်းဆီး ကာ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ သို့ ပို့ဆောင်ခြင်းခံရသူဖြစ်ကြောင်း သိရသည်။
ပခုက္ကူခရိုင်အတွင်းရှိ စစ်သား၊ ပျူစောထီး၊ ရဲနှင့် ပြည်သူ့စစ်များအနေဖြင့် မြိုင်ပကဖထံ အလင်းဝင် ရောက်လိုပါက နီးစပ်ရာ မြိုင်ပကဖတပ်ဖွဲ့များထံ ချိတ်ဆက်နိုင်ပြီး အလင်းဝင်ရောက်လာသူ မည်သူ့ ကို မဆို အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media