နောင်ချိုမြို့နယ်၊ ရွှေမုဌောကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ပစ်မှတ်ထားကာ လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု သီလရှင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့်နေအိမ် ၅ လုံး ပျက်စီး
သံလွင်မြန်မာသတင်း
မတ်လ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားရာ၊ နောင်ချိုမြို့နယ်၊ ရွှေမုဌောကျေးရွာရှိ ဘုန်းကြီး ကျောင်းကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သီလရှင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများထံ က သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက် ညနေ ၂ နာရီ ၅၉ မိနစ်တွင် နောင်ချိုမြို့နယ်၊ ရွှေမုဌောကျေးရွာရှိ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားကာ အကြမ်းဖက်စစ်ကောင်စီတပ်က MIG 29 ဂျက်ဖိုက်တာ တစ် စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ၃ နာရီ ၁၃ မိနစ်တွင် ထပ်မံရောက်ရှိလာပြီး ရော့ကတ် ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သီလရှင် ၁ ပါး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း တစ် ကျောင်းလုံး ပျက်စီးကာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူ့ နေအိမ် ၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ဘုန်းကြီးကျောင်းကို တမင်ပစ်မှတ်ထားပြီးတိုက်ခိုက်တာ၊ ထိတဲ့နေအိမ်တွေက ဘုန်းကြီး ကျောင်း ပတ်ဝန်ကျင်က နေအိမ်တွေပါ။ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ နေအိမ်က ၅ လုံးပျက်စီးတယ်။ အခု လို ဗုံးကျဲလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုလည်း မထိဘူး။ ထောက်ပို့ရဲဘော်တွေလည်း မထိဘူး။ အဓိက ထိတာက ပြည်သူတွေပဲဖြစ်ပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
Thanlwin Myanmar Media